ဇူလိုင္ ၃၁ ရက္ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္မယ့္ Honor Note 10

[Zawgyi]

Honor ဟာ Note 10 လို႔ေခၚတဲ့ phablet သစ္တစ္မ်ိဳးကို ဇူလိုင္ ၃၁ ရက္ တ႐ုတ္ႏိုင္ငံမွာ ျပဳလုပ္မယ့္ အခမ္းအနားတစ္ခုမွာ မိတ္ဆက္သြားဖို႔ စီစဥ္ထားေၾကာင္း အတည္ျပဳ ထုတ္ျပန္ခဲ့ပါတယ္။

ဒီအတည္ျပဳခ်က္ကို Huawei အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ဟာ တ႐ုတ္လူမႈေရးမီဒီယာေပၚကေန ဖုန္းရဲ႕ အရြယ္ႀကီးမားတဲ့ display နဲ႔ ဘက္ထရီတို႔ကို အရိပ္အျမြက္ေဖာ္ျပထားတဲ့ ပိုစတာတစ္ခုနဲ႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္ကထြက္ေပၚခဲ့တဲ့ ေကာလာဟလေတြနဲ႔ ေပါက္ၾကားမႈေတြအရ Honor Note 10 မွာ အရြယ္ႀကီးမားတဲ့ ၆.၉ လက္မ Quad HD+ FullView display နဲ႔ ေသးငယ္တဲ့ bezel ေတြ ပါဝင္လာမွာျဖစ္ပါတယ္။ ဘက္ထရီက 6,000mAh ျဖစ္ၿပီး 6GB RAM နဲ႔ 128GB storage ပါဝင္တယ္လို႔ ဆိုပါတယ္။

အဆိုပါ ေနာက္ဆံုးေပၚ phablet မွာအသံုးျပဳမယ့္ SoC အတြက္ ေမးခြန္းထုတ္စရာအခ်ိဳ႕ ရိွေနၿပီး Kirin 970 နဲ႔ GPU Turbo ကို အသံုးျပဳႏိုင္သလို မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Kirin 710 chipset လည္း ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။

ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

Ref: AndroidAuthority

-ေနာင္ေနာင္

[Unicode]

Honor ဟာ Note 10 လို့ခေါ်တဲ့ phablet သစ်တစ်မျိုးကို ဇူလိုင် ၃၁ ရက် တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် အခမ်းအနားတစ်ခုမှာ မိတ်ဆက်သွားဖို့ စီစဉ်ထားကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတည်ပြုချက်ကို Huawei အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ တရုတ်လူမှုရေးမီဒီယာပေါ်ကနေ ဖုန်းရဲ့ အရွယ်ကြီးမားတဲ့ display နဲ့ ဘက်ထရီတို့ကို အရိပ်အမြွက်ဖော်ပြထားတဲ့ ပိုစတာတစ်ခုနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေနဲ့ ပေါက်ကြားမှုတွေအရ Honor Note 10 မှာ အရွယ်ကြီးမားတဲ့ ၆.၉ လက်မ Quad HD+ FullView display နဲ့ သေးငယ်တဲ့ bezel တွေ ပါဝင်လာမှာဖြစ်ပါတယ်။ ဘက်ထရီက 6,000mAh ဖြစ်ပြီး 6GB RAM နဲ့ 128GB storage ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ နောက်ဆုံးပေါ် phablet မှာအသုံးပြုမယ့် SoC အတွက် မေးခွန်းထုတ်စရာအချို့ ရှိနေပြီး Kirin 970 နဲ့ GPU Turbo ကို အသုံးပြုနိုင်သလို မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Kirin 710 chipset လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Ref: AndroidAuthority

-နောင်နောင်