ဇူလိုင္ ၁ ရက္မွ စတင္ၿပီး ဟန္းဆက္ဘူးခြံမ်ားေပၚတြင္ အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ေရာင္းခ်ရမည္

[ Zawgyi ]

ျပည္တြင္းအခြန္ဦးစီးဌာနမွ ဇူလိုင္ ၁ ရက္မွ စတင္ၿပီး မိုဘိုင္းဖုန္းအတြက္ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ေခါင္းကို Invoice ေပၚတြင္ ကပ္စရာမလိုေတာ့ဘဲ တင္သြင္းေရာင္းခ်သူမွ ဖုန္းဘူးခြံေပၚတြင္သာ ကပ္ရေတာ့မွာ ျဖစ္တယ္လို႔ ဇြန္ ၁၉ ရက္က ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွာ ျပဳလုပ္တဲ့ အစည္းအေ၀းမွာ မိုဘိုင္းဖုန္း တင္သြင္းေရာင္းခ်သူကုမၸဏီအားလံုး (official ႏွင့္ PI တင္သြင္းသူအားလံုး) ကို ညႊန္ၾကားလိုက္ တာျဖစ္ပါတယ္။။

ေမ ၃၀ ရက္က ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွာ က်င္းပခဲ့တဲ့ ညႇိႏိွုင္းအစည္းအေ၀းမွာ မိုဘိုင္း လုပ္ငန္းရွင္မ်ားအသင္းရဲ႕ တင္ျပခ်က္အရ ဇူလိုင္ ၁ ရက္မွာ လက္ကိုင္ဖုန္းဟန္းဆက္မ်ားေပၚမွာ အခြန္အမွတ္တံဆိပ္မ်ား ကပ္ႏွိပ္ေရာင္းခ်ျခင္းကို ေဆာင္ရြက္တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါ၀င္ပါတယ္။

ေရာင္းသူေတြက တံဆိပ္ေခါင္းကပ္ၿပီးမွသာ ေရာင္းရမွာျဖစ္ၿပီး ဝယ္ယူသူေတြကလည္း တံဆိပ္ေခါင္းကပ္ထား တဲ့ဟန္းဆက္ကိုပဲ ေရြးခ်ယ္ဝယ္ယူျခင္းျဖင့္ ပူးေပါင္းကူညီၾကဖို႔ တိုက္တြန္းထားတယ္လို႔သိရပါတယ္။

ဆိုင္ေတြအေနနဲ႔ အခြန္တံဆိပ္ေခါင္း မကပ္ဘဲေရာင္းျခင္း၊ ကပ္ေသာ္လည္း အျပည့္အ၀ မကပ္ျခင္း၊ စတာေတြ စိစစ္ေတြ႕ရွိပါက တည္ဆဲ အခြန္ဆိုင္ရာဥပေဒမ်ားအရလည္းေကာင္း၊ အေကာက္အခြန္ဥပေဒအရလည္းေကာင္း အေရးယူသြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါ၀င္ပါတယ္။

“အရင္ကဆိုင္ေတြအေနန႔ဲေတာ့ အခြန္႐ံုးသြားရလာရတာေတြ၊ အခြန္တံဆိပ္ကို ေဘာက္ခ်ာမွာ ကပ္ေပးရတာ ေတြ ရွိေနတာေတြေတာ့ သက္သာသြားမွာေပါ့ ။ အခုဟာက ဆိုင္ေပၚတင္ကတည္းက အခြန္တံဆိပ္နဲ႔ ေရာက္လာမွာဆိုေတာ့ မသမာတဲ့ ဆိုင္ေတြက်ေတာ့ အခြန္မကပ္ေပးတာမ်ဳိးရွိတဲ့အတြက္ ရသင့္တဲ့အခြန္ကို ႏိုင္ငံေတာ္က မရတာမ်ဳိ္းေတြ ေရွာင္ရွားႏိုင္မွာ စတာေတြရွိသလို တစ္ဆိုင္နဲ႔ တစ္ဆိုင္ အခြန္တံဆိပ္ ကပ္ေပးျခင္း မကပ္ေပးျခင္းအေပၚ ေစ်းမတူတဲ့ျပႆနာလဲ နည္းသြားမွာပါ။ ဆိုင္ေတြအေနနဲ႔လည္း အခြန္တံဆိပ္ေခါင္း ကပ္ထားေပမယ့္ ျပန္ကြာျခင္း၊ ျပန္ခြာျခင္းမ်ဳ္ိးေတြ ျဖစ္လာခဲ့ရင္ တိုင္ၾကားျခင္းမ်ိဳးရွိပါက ဘယ္လိုအေရးယူမယ္ဆိုတာမ်ိဳးေတြအတြက္ ေထာင့္ေစ့ေအာင္လို႔ ျမန္မာႏိုင္ငံ မိုဘိုင္းလုပ္ငန္းရွင္မ်ား အသင္းက ေဆြးေႏြးညႇိနိႈင္းၿပီး အခ်ိန္မီ သတင္းထုတ္ျပန္သြားဖို႔ လုပ္ေနပါတယ္” လို႔ ေနျပည္ေတာ္ မိုဘိုင္းလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ျဖစ္သူ B3 Mobile ဖုန္းဆိုင္ပိုင္ရွင္ ဦးခ်မ္းေျမ႕ေဇာ္က ေျပာပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ပြည်တွင်းအခွန်ဦးစီးဌာနမှ ဇူလိုင် ၁ ရက်မှ စတင်ပြီး မိုဘိုင်းဖုန်းအတွက် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းကို Invoice ပေါ်တွင် ကပ်စရာမလိုတော့ဘဲ တင်သွင်းရောင်းချသူမှ ဖုန်းဘူးခွံပေါ်တွင်သာ ကပ်ရတော့မှာ ဖြစ်တယ်လို့ ဇွန် ၁၉ ရက်က ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ မိုဘိုင်းဖုန်း တင်သွင်းရောင်းချသူကုမ္ပဏီအားလုံး (official နှင့် PI တင်သွင်းသူအားလုံး) ကို ညွှန်ကြားလိုက် တာဖြစ်ပါတယ်။။

မေ ၃၀ ရက်က နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းအဝေးမှာ မိုဘိုင်း လုပ်ငန်းရှင်များအသင်းရဲ့ တင်ပြချက်အရ ဇူလိုင် ၁ ရက်မှာ လက်ကိုင်ဖုန်းဟန်းဆက်များပေါ်မှာ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ရောင်းချခြင်းကို ဆောင်ရွက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

ရောင်းသူတွေက တံဆိပ်ခေါင်းကပ်ပြီးမှသာ ရောင်းရမှာဖြစ်ပြီး ဝယ်ယူသူတွေကလည်း တံဆိပ်ခေါင်းကပ်ထား တဲ့ဟန်းဆက်ကိုပဲ ရွေးချယ်ဝယ်ယူခြင်းဖြင့် ပူးပေါင်းကူညီကြဖို့ တိုက်တွန်းထားတယ်လို့သိရပါတယ်။

ဆိုင်တွေအနေနဲ့ အခွန်တံဆိပ်ခေါင်း မကပ်ဘဲရောင်းခြင်း၊ ကပ်သော်လည်း အပြည့်အဝ မကပ်ခြင်း၊ စတာတွေ စိစစ်တွေ့ရှိပါက တည်ဆဲ အခွန်ဆိုင်ရာဥပဒေများအရလည်းကောင်း၊ အကောက်အခွန်ဥပဒေအရလည်းကောင်း အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

“အရင်ကဆိုင်တွေအနေနဲ့တော့ အခွန်ရုံးသွားရလာရတာတွေ၊ အခွန်တံဆိပ်ကို ဘောက်ချာမှာ ကပ်ပေးရတာ တွေ ရှိနေတာတွေတော့ သက်သာသွားမှာပေါ့ ။ အခုဟာက ဆိုင်ပေါ်တင်ကတည်းက အခွန်တံဆိပ်နဲ့ ရောက်လာမှာဆိုတော့ မသမာတဲ့ ဆိုင်တွေကျတော့ အခွန်မကပ်ပေးတာမျိုးရှိတဲ့အတွက် ရသင့်တဲ့အခွန်ကို နိုင်ငံတော်က မရတာမျို်းတွေ ရှောင်ရှားနိုင်မှာ စတာတွေရှိသလို တစ်ဆိုင်နဲ့ တစ်ဆိုင် အခွန်တံဆိပ် ကပ်ပေးခြင်း မကပ်ပေးခြင်းအပေါ် စျေးမတူတဲ့ပြဿနာလဲ နည်းသွားမှာပါ။ ဆိုင်တွေအနေနဲ့လည်း အခွန်တံဆိပ်ခေါင်း ကပ်ထားပေမယ့် ပြန်ကွာခြင်း၊ ပြန်ခွာခြင်းမျု်ိးတွေ ဖြစ်လာခဲ့ရင် တိုင်ကြားခြင်းမျိုးရှိပါက ဘယ်လိုအရေးယူမယ်ဆိုတာမျိုးတွေအတွက် ထောင့်စေ့အောင်လို့ မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များ အသင်းက ဆွေးနွေးညှိနှိုင်းပြီး အချိန်မီ သတင်းထုတ်ပြန်သွားဖို့ လုပ်နေပါတယ်” လို့ နေပြည်တော် မိုဘိုင်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဖြစ်သူ B3 Mobile ဖုန်းဆိုင်ပိုင်ရှင် ဦးချမ်းမြေ့ဇော်က ပြောပါတယ်။