ဇူလိုင္ ၁ ရက္ကစၿပီး Tesla ကားသစ္မ်ားတြင္ အခေပး အင္တာနက္ ပါဝင္လာမည္

[ Zawgyi ]

၂၀၁၂ ခုႏွစ္မွာမိတ္ဆက္ခဲ့တဲ့ Tesla ရဲ႕ Model S ကားမွာ အင္တာနက္ခ်ိတ္ဆက္မႈဟာ အေရးပါတဲ့ feature တစ္ခုျဖစ္ပါတယ္။

Tesla အေနနဲ႔ အင္တာနက္၊ ယာဥ္လမ္းေၾကာင္းျပေျမပုံနဲ႔ အခ်က္အလက္၊ Autopilot ေျမပုံနဲ႔ အခ်က္အလက္ feature သစ္ေတြရရွိဖုိ႔နဲ႔ software update ေတြလိုမ်ိဳး feature ေတြပါဝင္ဖုိ႔ ကားအတြင္းမွာ ဆယ္လူလာခ်ိတ္ဆက္မႈ အသုံးျပဳထားပါတယ္။

ဒါ့အျပင္ အင္တာနက္ခ်ိတ္ဆက္မႈဟာ Tesla ကားေတြအားလုံးအတြက္ စံသတ္မွတ္ခ်က္ျဖစ္ၿပီး အခုဆုိရင္ အေျပာင္းအလဲ ျပဳလုပ္သြားေတ့မွာျဖစ္ပါတယ္။

Tesla အေနနဲ႔ ကားအတြင္း အင္တာနက္ feature ကို ေထာက္ပံ့မယ့္ လစဥ္ေၾကးေပးသြင္းအသုံးျပဳႏိုင္တဲ့ package သစ္ကို မိတ္ဆက္လိုက္ပါတယ္။

Tesla ဟာ ၂၀၁၂ ခုႏွစ္မွာ Model S ကားကုိ ပထမဆုံး မိတ္ဆက္ခဲ့စဥ္က ကားထဲမွာ အခေၾကးေငြေပးစရာလိုဘဲ ပါဝင္လာတဲ့ အင္တာနက္ ဝန္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး ကားပုိင္ရွင္တခ်ိဳ႕အတြက္ စိတ္႐ႈပ္ေထြးမႈကုိ ျဖစ္ေစပါတယ္။ အဲဒီအခ်ိန္တုန္းက ကားအတြင္းက အင္တာနက္ဝန္ေဆာင္မႈကို အေျပာင္းအလဲလုပ္၊ မလုပ္ဆိုတာကို မေျပာခဲ့ပါဘူး။

၂၀၁၄ ခုႏွစ္မွာေတာ့ ကားေတြထဲမွာပါဝင္တဲ့ အင္တာနက္ခ်ိတ္ဆက္မႈကို ၄ ႏွစ္တိုင္တိုင္ ဆက္လက္ထားရွိမယ္လုိ႔ Tesla ကရွင္းလင္းေျပာဆိုခဲ့ပါတယ္။

ဒါေၾကာင့္ ၂၀၁၄ ခုႏွစ္မွာ ေရာင္းခ်ခဲ့တဲ့ Tesla ကားကုိ ပုိင္ဆိုင္သူေတြအေနနဲ႔ အခုဆိုရင္ ကားအတြင္းက အင္တာနက္အတြက္ စတင္ေငြေပးေခ်ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနအရ ဇူလိုင္လ ၁ ရက္ မတုိင္မီ ကားမွာယူသူေတြအေနနဲ႔ အင္တာနက္ခ်ိတ္ဆက္မႈအတြက္ ေငြေပးေခ်စရာမလိုဘူးလို႔ ဆိုပါတယ္။

အခုရက္သတၱတစ္ပတ္အတြင္း Tesla ရဲ႕ေရာင္းခ်ေရးအဖြဲ႕ဆီ ေပးပုိ႔တဲ့ အီးေမးလ္မွာ ကားအတြင္းက အင္တာနက္ ခ်ိတ္ဆက္မႈနဲ႔ပတ္သက္တဲ့ အေၾကာင္းကို ေဖာ္ျပထားပါတယ္။

လက္ရွိ Tesla ပုိင္ဆိုင္သူေတြအားလုံးနဲ႔ ဇူလိုင္လ ၁ ရက္မတိုင္မီ Model S, Model X ဒါမွမဟုတ္ Model 3 ကား မွာယူသူေတြအေနနဲ႔ ကားအတြင္းက အင္တာနက္ခ်ိတ္ဆက္မႈအတြက္ ေငြေပးေခ်စရာမလိုပါဘူး။

ဇူလိုင္လ ၁ ရက္ေန႔ ေနာက္ပုိင္း ကားမွာယူသူေတြအတြက္ Tesla က ‘Premium Connectivity package’ နဲ႔ ‘Standard Connectivity package’ ဆိုၿပီး မတူညီတဲ့ pacakge ႏွစ္ခုကို ေပးသြားမွာ ျဖစ္ပါတယ္။ ‘Standard Connectivity package’ ကေတာ့ ေငြေၾကး ေကာက္ခံသြားမွာ မဟုတ္ပါဘူး။

အဲဒီ package ကုိအသုံးျပဳသူေတြ အေနနဲ႔ အင္တာနက္ခ်ိတ္ဆက္မႈ ရရွိမွာျဖစ္ေပမယ့္ လုိအပ္တဲ့ data အနည္းငယ္နဲ႔ပဲ application ေတြကို အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ သုံးစြဲသူေတြက Tesla ရဲ႕အဆင့္ျမႇင့္တင္ထားတဲ့ လမ္းညႊန္စနစ္ကို အသုံးျပဳႏိုင္ဦးမွာ ျဖစ္ေပမယ့္ ၿဂိဳဟ္တုေျမပုံ ဒါမွမဟုတ္ live traffic ႐ုပ္ပုံပုိင္းဆုိင္ရာေတြကုိေတာ့ အသုံးျပဳႏုိင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ over-the-air software update ကိုကြန္ရက္က တစ္ဆင့္ ခ်ိတ္ဆက္တဲ့အခါ Wi-Fi ကတစ္ဆင့္ update လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Tesla ဟာ ဒီတစ္ပတ္မွာ Model 3 ကားေတြအတြက္ Wi-Fi လုပ္ေဆာင္ခ်က္ကုိ ျဖန္႔ခ်ိေပးလိုက္ပါတယ္။ အခု feature ေတြဟာ ဇူလုိင္ ၁ ရက္ ေနာက္ပုိင္း Tesla ကားေတြရဲ႕ စံသတ္မွတ္ခ်က္ျဖစ္လာမွာ ျဖစ္ပါတယ္။

ကားပုိင္ရွင္ေတြအေနနဲ႔ ‘Premium Connectivity package’ ကုိ ဝယ္ယူအသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ အဲဒီ package ေဈးႏႈန္းကို Tesla က အတည္မျပဳရေသးေပမယ့္ တစ္ႏွစ္ကို ေဒၚလာ ၁၀၀ ေကာက္ခံဖို႔ ရည္မွန္းထားတယ္လုိ႔ သိရပါတယ္။ အဲဒီ package မွာၿဂိဳဟ္တုေျမပုံေတြနဲ႔ live traffic ႐ုပ္ပုံပုိင္းဆိုင္ရာေတြၾကည့္ႏိုင္မယ့္ ေရြးခ်ယ္မႈနဲ႔ ေျမပုံေတြနဲ႔ လမ္းညႊန္စနစ္ေတြ ပါဝင္လာပါတယ္။

ဒါ့အျပင္ Slacker နဲ႔ Spotify လိုမ်ိဳး app ေတြပါဝင္တဲ့ ကားအတြင္း သီခ်င္းနဲ႔ မီဒီယာအသုံးျပဳမႈ ပါဝင္လာမွာ ျဖစ္ပါတယ္။ Premium package အစိတ္အပုိင္းအျဖစ္ internet browser လည္းပါ၀င္လာၿပီး Wi-Fi နဲ႔ LTE ခ်ိတ္ဆက္မႈႏွစ္ခုစလုံးကေန over-the-air update ေတြလည္း ရရွိမွာျဖစ္ပါတယ္။

ဇူလုိင္လ ၁ ရက္ေနာက္ပုိင္း မွာယူတဲ့ Model S နဲ႔ Model X ကားေတြမွာ ‘Premium Connectivity package’ တစ္ႏွစ္ အခမဲ့အသုံးျပဳခြင့္ပါဝင္လာမယ္လို႔လည္း Tesla ကေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: Electrek

[ Unicode ]

၂၀၁၂ ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ Tesla ရဲ့ Model S ကားမှာ အင်တာနက်ချိတ်ဆက်မှုဟာ အရေးပါတဲ့ feature တစ်ခုဖြစ်ပါတယ်။

Tesla အနေနဲ့ အင်တာနက်၊ ယာဉ်လမ်းကြောင်းပြမြေပုံနဲ့ အချက်အလက်၊ Autopilot မြေပုံနဲ့ အချက်အလက် feature သစ်တွေရရှိဖို့နဲ့ software update တွေလိုမျိုး feature တွေပါဝင်ဖို့ ကားအတွင်းမှာ ဆယ်လူလာချိတ်ဆက်မှု အသုံးပြုထားပါတယ်။

ဒါ့အပြင် အင်တာနက်ချိတ်ဆက်မှုဟာ Tesla ကားတွေအားလုံးအတွက် စံသတ်မှတ်ချက်ဖြစ်ပြီး အခုဆိုရင် အပြောင်းအလဲ ပြုလုပ်သွားတေ့မှာဖြစ်ပါတယ်။

Tesla အနေနဲ့ ကားအတွင်း အင်တာနက် feature ကို ထောက်ပံ့မယ့် လစဉ်ကြေးပေးသွင်းအသုံးပြုနိုင်တဲ့ package သစ်ကို မိတ်ဆက်လိုက်ပါတယ်။

Tesla ဟာ ၂၀၁၂ ခုနှစ်မှာ Model S ကားကို ပထမဆုံး မိတ်ဆက်ခဲ့စဉ်က ကားထဲမှာ အခကြေးငွေပေးစရာလိုဘဲ ပါဝင်လာတဲ့ အင်တာနက် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကားပိုင်ရှင်တချို့အတွက် စိတ်ရှုပ်ထွေးမှုကို ဖြစ်စေပါတယ်။ အဲဒီအချိန်တုန်းက ကားအတွင်းက အင်တာနက်ဝန်ဆောင်မှုကို အပြောင်းအလဲလုပ်၊ မလုပ်ဆိုတာကို မပြောခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မှာတော့ ကားတွေထဲမှာပါဝင်တဲ့ အင်တာနက်ချိတ်ဆက်မှုကို ၄ နှစ်တိုင်တိုင် ဆက်လက်ထားရှိမယ်လို့ Tesla ကရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ရောင်းချခဲ့တဲ့ Tesla ကားကို ပိုင်ဆိုင်သူတွေအနေနဲ့ အခုဆိုရင် ကားအတွင်းက အင်တာနက်အတွက် စတင်ငွေပေးချေရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ဇူလိုင်လ ၁ ရက် မတိုင်မီ ကားမှာယူသူတွေအနေနဲ့ အင်တာနက်ချိတ်ဆက်မှုအတွက် ငွေပေးချေစရာမလိုဘူးလို့ ဆိုပါတယ်။

အခုရက်သတ္တတစ်ပတ်အတွင်း Tesla ရဲ့ရောင်းချရေးအဖွဲ့ဆီ ပေးပို့တဲ့ အီးမေးလ်မှာ ကားအတွင်းက အင်တာနက် ချိတ်ဆက်မှုနဲ့ပတ်သက်တဲ့ အကြောင်းကို ဖော်ပြထားပါတယ်။

လက်ရှိ Tesla ပိုင်ဆိုင်သူတွေအားလုံးနဲ့ ဇူလိုင်လ ၁ ရက်မတိုင်မီ Model S, Model X ဒါမှမဟုတ် Model 3 ကား မှာယူသူတွေအနေနဲ့ ကားအတွင်းက အင်တာနက်ချိတ်ဆက်မှုအတွက် ငွေပေးချေစရာမလိုပါဘူး။

ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်း ကားမှာယူသူတွေအတွက် Tesla က ‘Premium Connectivity package’ နဲ့ ‘Standard Connectivity package’ ဆိုပြီး မတူညီတဲ့ pacakge နှစ်ခုကို ပေးသွားမှာ ဖြစ်ပါတယ်။ ‘Standard Connectivity package’ ကတော့ ငွေကြေး ကောက်ခံသွားမှာ မဟုတ်ပါဘူး။

အဲဒီ package ကိုအသုံးပြုသူတွေ အနေနဲ့ အင်တာနက်ချိတ်ဆက်မှု ရရှိမှာဖြစ်ပေမယ့် လိုအပ်တဲ့ data အနည်းငယ်နဲ့ပဲ application တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေက Tesla ရဲ့အဆင့်မြှင့်တင်ထားတဲ့ လမ်းညွှန်စနစ်ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပေမယ့် ဂြိုဟ်တုမြေပုံ ဒါမှမဟုတ် live traffic ရုပ်ပုံပိုင်းဆိုင်ရာတွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် over-the-air software update ကိုကွန်ရက်က တစ်ဆင့် ချိတ်ဆက်တဲ့အခါ Wi-Fi ကတစ်ဆင့် update လုပ်နိုင်မှာ ဖြစ်ပါတယ်။

Tesla ဟာ ဒီတစ်ပတ်မှာ Model 3 ကားတွေအတွက် Wi-Fi လုပ်ဆောင်ချက်ကို ဖြန့်ချိပေးလိုက်ပါတယ်။ အခု feature တွေဟာ ဇူလိုင် ၁ ရက် နောက်ပိုင်း Tesla ကားတွေရဲ့ စံသတ်မှတ်ချက်ဖြစ်လာမှာ ဖြစ်ပါတယ်။

ကားပိုင်ရှင်တွေအနေနဲ့ ‘Premium Connectivity package’ ကို ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီ package ဈေးနှုန်းကို Tesla က အတည်မပြုရသေးပေမယ့် တစ်နှစ်ကို ဒေါ်လာ ၁၀၀ ကောက်ခံဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ အဲဒီ package မှာဂြိုဟ်တုမြေပုံတွေနဲ့ live traffic ရုပ်ပုံပိုင်းဆိုင်ရာတွေကြည့်နိုင်မယ့် ရွေးချယ်မှုနဲ့ မြေပုံတွေနဲ့ လမ်းညွှန်စနစ်တွေ ပါဝင်လာပါတယ်။

ဒါ့အပြင် Slacker နဲ့ Spotify လိုမျိုး app တွေပါဝင်တဲ့ ကားအတွင်း သီချင်းနဲ့ မီဒီယာအသုံးပြုမှု ပါဝင်လာမှာ ဖြစ်ပါတယ်။ Premium package အစိတ်အပိုင်းအဖြစ် internet browser လည်းပါ၀င်လာပြီး Wi-Fi နဲ့ LTE ချိတ်ဆက်မှုနှစ်ခုစလုံးကနေ over-the-air update တွေလည်း ရရှိမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်နောက်ပိုင်း မှာယူတဲ့ Model S နဲ့ Model X ကားတွေမှာ ‘Premium Connectivity package’ တစ်နှစ် အခမဲ့အသုံးပြုခွင့်ပါဝင်လာမယ်လို့လည်း Tesla ကပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: Electrek