ဇူလိုင္ ၁၇ ရက္မွာ ရပ္ဆုိင္းသြားမယ့္ Yahoo Messenger

[ Zawgyi ]

Yahoo Messenger ဝန္ေဆာင္မႈကို ဇူလိုင္လ ၁၇ ရက္မွာ ပိတ္သိမ္းသြားမယ္လုိ႔ TechCrunch ပုိင္ဆိုင္တဲ့ Oath က ေဖာ္ျပခဲ့ပါတယ္။

Yahoo Messenger သုံးစြဲေနသူေတြကို group messaging application ျဖစ္တဲ့ Squirrel ထံ ေျပာင္းလဲေပးသြားမယ္လို႔ သိရပါတယ္။ Squirrel ဟာ private beta အဆင့္ပဲရွိေသးၿပီး ေနာက္လအတြင္း Yahoo Messenger မပိတ္သိမ္းခင္ အမ်ားျပည္သူအတြက္ ျဖန္႔ခ်ိသြားမယ္လို႔ ယူဆရပါတယ္။

“လက္ရွိမွာေတာ့ Yahoo Messenger အတြက္ အစားထိုးႏိုင္မယ့္ ထုတ္ကုန္မရွိေသးပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ဝန္ေဆာင္မႈနဲ႔ app ေတြကို အဆက္မျပတ္ စမ္းသပ္ေနပါတယ္။ အဲဒီဝန္ေဆာင္မႈေတြထဲက တစ္ခုကေတာ့ Yahoo Squirrel (Beta အဆင့္ေရာက္ရွိေန) လို႔အမည္ရတဲ့ invite-only group messaging app ျဖစ္ပါတယ္။ Yahoo Messenger သုံးစြဲသူက squirrel.yahoo.com မွာ invite ကို ေတာင္းဆိုႏိုင္ပါတယ္” လုိ႔ Yahoo က ထုတ္ျပန္သြားပါတယ္။

သုံးစြဲသူေတြအေနနဲ႔ Yahoo Messenger က chat history ကို download ျပဳလုပ္ဖို႔ အခ်ိန္ ေျခာက္လ ေပးသြားမွာ ျဖစ္ပါတယ္။ Yahoo Messenger ပိတ္သိမ္းမႈက သုံးစြဲသူလိုအပ္ခ်က္နဲ႔ ကုိက္ညီတဲ့ ဆက္သြယ္ေရး tool သစ္ေတြကုိ ဖန္တီးရာမွာ အာ႐ုံစိုက္ေစတယ္လို႔ Yahoo ကေျပာပါတယ္။

Yahoo Messenger ပိတ္သိမ္းတဲ့ သတင္းဟာ AIM ကုိပိတ္သိမ္းအၿပီး ၆ လအၾကာမွာ ထြက္ေပၚလာတာျဖစ္ပါတယ္။

စိုးထက္
Ref: TechCrunch/9to5Mac

[ Unicode ]

Yahoo Messenger ဝန်ဆောင်မှုကို ဇူလိုင်လ ၁၇ ရက်မှာ ပိတ်သိမ်းသွားမယ်လို့ TechCrunch ပိုင်ဆိုင်တဲ့ Oath က ဖော်ပြခဲ့ပါတယ်။

Yahoo Messenger သုံးစွဲနေသူတွေကို group messaging application ဖြစ်တဲ့ Squirrel ထံ ပြောင်းလဲပေးသွားမယ်လို့ သိရပါတယ်။ Squirrel ဟာ private beta အဆင့်ပဲရှိသေးပြီး နောက်လအတွင်း Yahoo Messenger မပိတ်သိမ်းခင် အများပြည်သူအတွက် ဖြန့်ချိသွားမယ်လို့ ယူဆရပါတယ်။

“လက်ရှိမှာတော့ Yahoo Messenger အတွက် အစားထိုးနိုင်မယ့် ထုတ်ကုန်မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုနဲ့ app တွေကို အဆက်မပြတ် စမ်းသပ်နေပါတယ်။ အဲဒီဝန်ဆောင်မှုတွေထဲက တစ်ခုကတော့ Yahoo Squirrel (Beta အဆင့်ရောက်ရှိနေ) လို့အမည်ရတဲ့ invite-only group messaging app ဖြစ်ပါတယ်။ Yahoo Messenger သုံးစွဲသူက squirrel.yahoo.com မှာ invite ကို တောင်းဆိုနိုင်ပါတယ်” လို့ Yahoo က ထုတ်ပြန်သွားပါတယ်။

သုံးစွဲသူတွေအနေနဲ့ Yahoo Messenger က chat history ကို download ပြုလုပ်ဖို့ အချိန် ခြောက်လ ပေးသွားမှာ ဖြစ်ပါတယ်။ Yahoo Messenger ပိတ်သိမ်းမှုက သုံးစွဲသူလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆက်သွယ်ရေး tool သစ်တွေကို ဖန်တီးရာမှာ အာရုံစိုက်စေတယ်လို့ Yahoo ကပြောပါတယ်။

Yahoo Messenger ပိတ်သိမ်းတဲ့ သတင်းဟာ AIM ကိုပိတ်သိမ်းအပြီး ၆ လအကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch/9to5Mac