ဇန်နဝါရီ ၁၄ ရက်မှာ ထွက်လာမယ့် Samsung Galaxy S21 ဖုန်း ၃ မျိုး

Samsung ကတော့ ဇန်နဝါရီလ ၁၄ ရက်မှာ Galaxy S21 ဖုန်းတွေကို မိတ်ဆက်မယ်လို့ နာမည်ကျော် သတင်းအချက်အလက်ဖော်ထုတ်သူ ဂျွန်ပရိုဆာကပြောခဲ့ပါတယ်။ သူဟာ iPhone 12 ဖုန်းအချက်အလက်ကိုလည်း မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သလို မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

Samsung Galaxy S21 ဖုန်းတွေကတော့ အစောဆုံး ထွက်ရှိနိုင်ပါတယ်။ ဂျွန်ပရိုဆာရဲ့ tweet အရ ဇန်နဝါရီ ၁၄ ရက်မှာပဲ ဖုန်းကို ကြိုတင်မှာယူနိုင်ပြီး ဇန်နဝါရီလ ၂၉ ရက် နှစ်ပတ်အတွင်း ဈေးကွက်ထဲရောက်မယ်လို့ သိရပါတယ်။

Galaxy S21 စီးရီးမှာ Galaxy S21, Galaxy S21+ နဲ့ Galaxy S21 Ultra ဆိုပြီး ဖုန်း ၃ မျိုး ပါဝင်လာပါမယ်။ ဖုန်းတွေအတွက် အရောင် ၆ မျိုး ထုတ်လုပ်ဖွယ်ရှိပါတယ်။

Samsung Galaxy S21 အတွက် မီးခိုး၊ ပန်းရောင်၊ ခရမ်းနဲ့ အဖြူ စတဲ့ အရောင်တွေ ထုတ်လုပ်နိုင်ပါတယ်။ Galaxy S21+ အတွက် အနက် ဒါမှမဟုတ် ငွေရောင် အသုံးပြုလာနိုင်ပါတယ်။ Ultra မှာတော့ အနက်၊ ငွေနဲ့ ခရမ်း စတဲ့ အရောင်တွေ ပါဝင်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««