ဇန်နဝါရီ ၁၂ ရက်မှာ Samsung မိတ်ဆက်မယ့် Exynos 2100 ချစ်ပ်

Samsung ဟာ Galaxy S21 ဖုန်းတွေမှာ ပါဝင်လာမယ့် ကိုယ်ပိုင်ထုတ် ချစ်ပ် Exynos 2100 ကိုတော့ ဇန်နဝါရီ ၁၂ ရက်မှာ မိတ်ဆက်ပါမယ်။ S21 ဖုန်းတွေ မိတ်မဆက်ခင် ၂ ရက် အလိုမှာ ချစ်ပ်ကို မိတ်ဆက်သွားမှာပါ။ Samsung ဟာ ကိုယ်ပိုင်ချစ်ပ်အတွက် Exynos is black ဆိုတဲ့ hashtag ကိုအသုံးပြုနေပါတယ်။

နောက်ဆုံးထွက်လာတဲ့ ကောလာဟလအရ Exynos 2100 ကိုတော့ 5nm လုပ်ငန်းစဉ်နဲ့ တည်ဆောက်ထားပြီး ARM ရဲ့ X1 prime core 2.91 GHz အပြင် 2.81GHz Cortex-A78s core ၃ ခုပါဝင်ပြီး 2.21GHz Cortex-A55 core ၄ ခု ပါဝင်လာပါတယ်။ ဒါ့အပြင် Mali-G78 GPU လည်းပါဝင်လာနိုင်ပါတယ်။

Exynos 2100 ပါဝင်တဲ့ S21 ဖုန်း ၃ မျိုးကိုတော့ ဥရောပနဲ့ အိန္ဒိယမှာ ရောင်းချပါမယ်။ အမေရိကန်၊ တရုတ်နဲ့ တောင်ကိုရီးယားမှာတော့ Qualcomm ချစ်ပါတဲ့ S21 စီးရီးကို ရောင်းချပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««