ဇန်နဝါရီမှာ မိတ်ဆက်နိုင်တဲ့ Samsung Galaxy S21

Samsung ဟာ အသစ်ထွက်ရှိမယ့် Galaxy S21 မိတ်ဆက်မယ့်ရက် ရှေ့တိုးနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတော့ S စီးရီးဖုန်းအသစ်တွေကို ဖေဖော်ဝါရီမှာ မိတ်ဆက်ခဲ့ပြီး မတ်လမှာ ရောင်းချခဲ့ပါတယ်။

ကိုရီးယားသတင်းဌာနရဲ့ ဖော်ပြချက်အရ S21 စီးရီးတွေကို ဒီဇင်ဘာလမှာ မိတ်ဆက်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ SamMobile ကတော့ Galaxy S21 ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှပဲ မိတ်ဆက်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းမှပဲ ရောင်းချနိုင်ဖွယ် ရှိပါတယ်။

စိုးထက်
Ref: GSMArena