ဆွီဒင်နိုင်ငံထုတ် Electrolux အမှတ်တံဆိပ် အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်ကုန်များကို မြန်မာပြည်စျေးကွက်သို့ မိတ်ဆက်

ဆွီဒင်နိုင်ငံထုတ် Electrolux အမှတ်တံဆိပ် အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်ကုန်တွေကို ဥရောပအရည်အသွေး၊ ချိုသာတဲ့ စျေးနှုန်းတွေနဲ့ ပြည်တွင်းစျေးကွက်အတွင်း ၀ယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Electrolux အမှတ်တံဆိပ် အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်မှုမှာ ၂၀၁၉ တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အနေနဲ့ Electrolux ကို အားပေးသုံးစွဲသူတွေအတွက် “ 100 years of bonding through sustainable innovation” ခေါင်းစဉ်နဲ့ ကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ထားကြောင်း၊ အဆိုပါ အစီအစဉ်မှာ မြန်မာကျပ်ငွေ တစ်သိန်းဖိုး ၀ယ်ယူသူတိုင်း ဆုကြီး (၁၀၀) နဲ့ အခြားဆုမဲပေါင်းများစွာ ကံစမ်းနိုင်မယ့် ကံစမ်းမဲကူပွန်ကို မေတ္တာလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်ကြောင်း၊ အဆိုပါ ကံစမ်းမဲအစီအစဉ်ကို စက်တင်ဘာ ၁၇ ရက်မှ စတင်ကာ ဒီဇင်ဘာ ၂၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Electrolux ထုတ်ကုန်တွေကို အမြို့မြို့အနယ်နယ်ရှိ Wai Yan Electronics, Living square, မျိုးသိန်း အီလက်ထရောနစ်၊ Pro 1 Global Home Center Myanmar, Ocean super center,Marketplace by city mart နဲ့ မြန်မာနိုင်ငံအနှံ့အပြားရှိ အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်တွေအားလုံးမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Electrolux နဲ့ပတ်သက်ပြီး ထပ်မံ သိရှိလိုသူတွေအနေနဲ့ Electrolux Myanmar ရဲ့ တရားဝင် facebook စာမျက်နှာ https://www.facebook.com/ElectroluxMM/, www.electrolux.co.th , ဆားဗစ်စင်တာ ဖုန်း – ၀၉၉၇၄၀၀၅၀၈၅၀၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်း ၀၁-၅၅၆၉၉၇ နဲ့ ၀၁-၅၄၄၆၆၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-အောင်သူ