ဆွစ်ဇာလန်နိုင်ငံရှိ Swiss Education Group ၏ပညာသင်ဆုများ နှင့် Financial Aid program များကို လျှောက်ထားနိုင်

ဆွစ်ဇာလန်နိုင်ငံရှိ Swiss Education Group ရဲ့ ကျောင်းကြီး ငါးကျောင်းမှာ ၂၀၂၁ ခုနှစ် ကျောင်းဖွင့်ချိန်‌တွေအတွက် တက်ရောက်လိုသူများအနေနဲ့ ပညာသင်ဆုတွေနဲ့ Financial Aid program တွေကို လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ MSI Co.,Ltd မှသိရပါတယ်။

Swiss Education Group မှာ ဟိုတယ်ကျောင်း‌တွေဖြစ်တဲ့ César Ritz Colleges Switzerland, Culinary Arts Academy Switzerland, Hotel Institute Montreux (HIM), IHTTI School of Hotel Management, Swiss Hotel Management School (S.H.M.S) နဲ့ ဖွဲ့စည်းထားတဲ့ ဆွစ်ဇာလန်နိုင်ငံရှိ အကြီးဆုံး ပညာရေးအဖွဲ့ အစည်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

(၁၀) တန်း ၊ IGCSE, GCE ‘O’ Level/ ‘A’ Level, HND (UK), နိုင်ငံတကာအသိအမှတ်ပြု ဟိုတယ် ဒီပလိုမာလက်မှတ် ကိုင်ဆောင်ထားသူတွေ ၊ ဘွဲ့ရပြီးသူတွေနဲ့ ဟိုတယ်လောကမှာ အတွေ့အကြုံရှိထားသူတွေဟာ ပညာ သင်ဆု‌တွေနဲ့ ကျောင်းလျှောက်ထားနိုင်ပြီး ဘွဲ့ဒီဂရီတန်းအတွက် စာသင်ကာလ (၃) နှစ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်။ ပထမနှစ် နဲ့ ဒုတိယနှစ်တို့မှာ ဝင်ငွေရ အလုပ်သင်ကာလ (၄ လ မှ ၆ လ) ထည့်သွင်းပေးထားပါတယ်။ ဘွဲ့ဒီဂရီတန်းပြီးဆုံးပါက ရရှိမယ့် ဘွဲ့လက်မှတ်မှာ (၂) ခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံမှပေးအပ်တဲ့ ဘွဲ့လက်မှတ် တစ်ခုနဲ့ UK (သို့) USA နိုင်ငံတို့မှ ပေးအပ်တဲ့ ဘွဲ့ဒီဂရီတစ်ခုကိုပါ ရရှိမှာ ဖြစ်ပါတယ်။ မာစတာတန်း အတွက် စာသင်ကာလ တစ်နှစ် (သို့) နှစ်နှစ်ကြာမြင့်တဲ့ Programs တွေရွေးချယ်နိုင်ပြီး ဆွစ်ဇာလန် (သို့) အင်္ဂလန်နိုင်ငံ မှ ပေးအပ်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ ဟိုတယ်လောကရဲ့ မရှိမဖြစ် တတ်ထားသင့်တဲ့ French နဲ့ German ဘာသာစကား‌တွေကိုလည်း ရွေးချယ်သင်ယူနိုင်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ MSI Yangon Head Office : ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။