ဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲ ကျင်းပမည်

ပြည်ပနိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ အခြေခံဆေးပညာဘွဲ့ MBBS နဲ့ အလားတူဘွဲ့ရရှိထားသူ မြန်မာနိုင်ငံသားဆရာဝန်များအတွက် အထွေထွေဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲ (Myanmar Medical Licencing Examination MMLE) ၁/၂၀၂၀ အတွက် လျှောက်လွှာတွေခေါ်ယူနေပါတယ်။

စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူတွေဟာ မြန်မာနိုင်ငံဆေးကောင်စီရုံး အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ မတ် ၃၁ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ စာမေးပွဲကို မေ ၅ ရက်မှာ ရေးဖြေမေးခွန်းလွှာ (၁) ၊ မေလ ၇ ရက်မှာ ရေးဖြေမေးခွန်းလွှာ (၂) ကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မြန်မာနိုင်ငံဆေးကောင်စီတွင် လည်းကောင်း၊ မေ ၅ ရက်မှာ ဆေးလက်တွေ့ဘာသာရပ် (OSCE) ကို နံနက် ၉ နာရီမှ စတင်ကာ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှာလည်းကောင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖြေဆိုခွင့်ကတ်ပြားများကို ဧပြီ ၂၈ ရက်မှ မေ ၄ ရက်ထိ မြန်မာနိုင်ငံဆေးကောင်စီရုံးမှာ သက်ဆိုင်ရာဆရာဝန်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကို တင်ပြ၍ စနေ၊ တနင်္ဂနွေနေ့များမှအပ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

စာမေးပွဲကြေး ကျပ်သုံးသိန်းငါးသောင်း ပေးသွင်းရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၄၅၆၈၄၄၄၄၅ သို့ဖြစ်စေ၊ E-mail လိပ်စာ [email protected] သို့ဖြစ်စေ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ