ဆူညံသံလျှော့ချပေးမယ့် နည်းပညာကို Google Meet ထည့်သွင်း

Google ဟာ အနှောင့်အယှက် ဆူညံသံတွေကို ဖယ်ထုတ်ပေးမယ့် နည်းညာကို ဇွန်လမှာ desktop အတွက် ဖြန့်ပြီးနောက် Android နဲ့ iOS အတွက်လည်း ဖြန့်ချိလိုက်ပါပြီ။ Google Meet ဝန်ဆောင်မှုမှာ ကျောင်းနဲ့ ပညာသင်ကြားသူအတွက် လာရောက်သူအစီရင်ခံစာကိုလည်း ထည့်သွင်းလိုက်ပါပြီ။

Google Meet က ပတ်ဝန်းကျင်မျိုးစုံက နောက်ခံအသံတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ ကီးဘုတ်ရိုက်သံ၊ တံခါးအဖွင့်/အပိတ် လုပ်တာနဲ့ ပြတင်းပေါက်အပြင်ဘက်က ဆောက်လုပ်ရေးအသံတွေကိုလည်း စစ်ထုတ်ပေးနိုင်တယ်။

Google ရဲ့ cloud အခြေခံ AI ကတော့ ဆူညံသံအားလုံး စစ်ထုတ်ပေးနိုင်ပါတယ်။

အဲဒီအတွက် More ထဲက Setttings ထဲက “Noise cancellation” နှိပ်ပြီး အသုံးပြုလို့ရပါတယ်။ တစ်ခုသတိပြုရမှာက G Suite Enterprise နဲ့ G Suite Enterprise for Education အတွက် Google Meet မှာပဲ ဆူညံသံလျှော့ချတဲ့စနစ်ကို ထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။ G Suite Basic, G Suite Business, G Suite for Education ဒါမှမဟုတ် G Suite for Nonprofits က Google Meet မှာတော့ မထောက်ပံ့ထားပါဘူး။ ဒါ့အပြင် တောင်အာဖရိက၊ ယူအေအီးနဲ့ ပတ်ပတ်လည်ဒေသတွေမှာလည်း ကန့်သတ်ထားပါသေးတယ်။

-စိုးထက်
Ref: 9to5Google

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««