ဆုကြေးငွေ သိန်း ၇၅၀ ကျော် တန်ဖိုးရှိ Mobile Legends: Bang Bang Professional League Myanmar Season 5 ကို ဩဂုတ်လတွင် စတင်ကျင်းပမည်

Mobile Legends: Bang Bang မှ Mobile Legends: Bang Bang Professional League Myanmar Season 5 ကို ဩဂုတ် ၂၂ ရက်မှာ စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် ယခင် ကျင်းပပြီးသော season 4 ရဲ့ ချန်ပီယံတွေနဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ Burmese Ghouls, Yangon Galacticos နဲ့ Lord ( ယခင် Team Reselection ) တို့ဟာ တရားဝင် တိုက်ရိုက် ဖိတ်ကြားခံထားရပြီး မြန်မာနိုင်ငံတစ်ဝန်းမှ စိတ်ပါဝင်စားကြသူ E-sports အားကစားသမားများလည်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၄,၉၀၀ (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) တန်ဖိုးရှိ ဆုတွေကို ပေးအပ်သွားမှာ ဖြစ်ပြီး ပထမဆု ရရှိတဲ့ အသင်းကို အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ ၁၉၅ သိန်းခန့်) ၊ ဒုတိယဆုအတွက် အမေရိကန် ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ ၈၅ သိန်းခန့်) ၊ တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ (မြန်မာကျပ်ငွေ ၄၅ သိန်းခန့်) စီ အသီးသီး ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ရန်အတွက် ဩဂုတ် ၁၆ ရက်အထိ စာရင်းပေးသွင်းနိုင်ပြီး league qualifiers (လက်ရည်စစ် ပွဲစဉ်များ) တွေကို ဩဂုတ် ၂၂ ရက်မှာ စတင်သွားမှာဖြစ်ပါတယ်။

အရည်အသွေးပြည့်မီတဲ့ အသင်း (၈) သင်းမှာ ပုံမှန်ပွဲစဉ်တွေကို စက်တင်ဘာ ၁၂ ရက်မှစတင်၍ ရက်သတ္တပတ် ၄ ပတ်တိုင် ကစားကြရမှာဖြစ်ပြီး ထိပ်ဆုံး ၆ သင်းမှာ အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်အတွင်း ရှုံးထွက်ပွဲစဉ်တွေကို ဆက်လက် ကစားမှာဖြစ်တယ်လို့ သိရပါတယ်။ MPL-MM S5 အကြောင်းနဲ့ စာရင်းပေးသွင်းရမယ့် အချက်အလက်များ၊ တိုက်ရိုက်ထုတ်လွှင့်သွားမယ့် အချိန်တွေအကြောင်း အသေးစိတ်ကို Mobile Legends: Bang Bang Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/MobileLegendsGameMyanmar/ မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

အဆိုပါပွဲကို Presenting sponsor အဖြစ် တယ်လီနောမြန်မာ၊ Official Smartphone Partner အဖြစ် OPPO Myanmar ,Mobile Legends: Bang Bang ဂိမ်းတီထွင်ဖန်တီးသူ MOONTON နဲ့ ပွဲစီစဉ်ဆောင်ရွက်သူ Game Cast Network Myanmar တို့မှ ပါဝင်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ