ဆုကြေးငွေ ကျပ်သိန်း ၅၀၀ ကျော်ရရှိမည့် PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်

မြန်မာ့လူငယ် Esports ကစားသမားများPMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲအထိ သွားရောက်ယှဥ်ပြိုင်နိုင်ရန် ခေါ်ဆောင်သွားနိုင်မယ့် ပြည်တွင်းပြိုင်ပွဲ PUBG MOBILE Myanmar Championship 2020 Season 2 အတွက် ပြိုင်ပွဲဝင်တွေဖိတ်ခေါ်ထားပါတယ်။

PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် Online Registration ကို ဇူလိုင် ၃၁ မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို သြဂုတ် ၁၁ ရက်အထိ စာရင်းပေးသွင်းကာ ပါဝင်ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ အသင်းပေါင်း ၁,၂၀၀ အထိ လက်ခံသွားမှာဖြစ်ပြီး အသင်းပေါင်း ၁,၂၀၀ ကို အဖွဲ့ပေါင်း ၆၀ ဖွဲ့စည်းကာ Online Qualifier အဖြစ် ယှဉ်ပြိင်စေမှာဖြစ်ပါတယ်။

Online Qualifier တွေကို သြဂုတ် ၁၅ ရက်မှ သြဂုတ် ၃၀ ရက်အထိ ယှဥ်ပြိုင်သွားရမှာဖြစ်ပြီး Online Qualifier မှ အမှတ်အများဆုံး အသင်း ၁၆ သင်းဟာ PUBG MOBILE Myanmar Championship 2020 Season 2 Finals သို့ တက်ရောက်ယှဥ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာလ ပထမပတ်မှာ ကျင်းပမှာဖြစ်ပြီး ဆုကြေးငွေပေါင်း ကျပ်သိန်း ၅၀၀ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ ထိပ်ဆုံး အသင်း (၄) သင်းဟာ PMCO SEA Wildcard Finals အဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ အနိုင်ရရှိသော မြန်မာအသင်း ၄ သင်းနဲ့လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့ဟာ PMCO SEA Wildcard Finals အဆင့်ကို အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရှိာဖြစ်ပါတယ်။ အဆိုပါ အဆင့်တွင် ထိပ်ဆုံး ရပ်တည်နိုင်သော အသင်း (၃) သင်းက ကိုယ်ပိုင် League ရှိသောနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံမှ အသင်းတွေနဲ့ အတူ PMPL (PUBG MOBILE Pro League) SEA Finals သို့ တက်လှမ်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို PUBG MOBILE ရဲ့ Official Facebook စာမျက်နှာ www.fb.com/PUBGMOBILE.MM.OFFICIAL မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-အောင်သူ