
Apple ဟာ နယူးယောက်ဆန္ဒပြမှုအတွင်း စတိုးဆိုင်တွေကို လုယက်ခဲ့သူတွေကို စောင့်ကြည့်နေပါတယ်။
Apple စတိုးတွေကနေ ခိုးလာတဲ့ iPhone တွေမှာ အထူးလုံခြုံရေး software ပါတာကို ခိုးလာသူတွေက သိလာပါတယ်။ ခိုးယူခံရတဲ့ဖုန်းတွေမှာ အထူးစာသားတစ်ခုပေါ်လာပါတယ်။
“ဒီထုတ်ကုန်ကို disable လုပ်ထားပြီး ခြေရာခံထားတယ်။ ဒေသတွင်း အာဏာပိုင်တွေဆီ သတိပေးမယ်” ဆိုတဲ့စာသားကိုမြင်ရပါတယ်။
စိတ်ပျက်နေတဲ့ သူခိုးတွေက အဲဒီစာသားကို လူမှုကွန်ရက်မှာ တင်လာကြပါတယ်။
Apple စတိုးတွေဟာ နယူးယောက်၊ လော့စ်အိန်ဂျလိစ်နဲ့ ဝါရှင်တန်မှာ ဖောက်ထွင်း လုယက်ခံခဲ့ရပါတယ်။
-စိုးထက်
Ref: Fox5NY