ဆိုက်ဘာဘေးကင်းမှ Covid-19 နှင့် သတင်းအမှားများ ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲ ကျင်းပမည်

Cyber BayKin ကနေ လက်ဖက်ရည်စကားဝိုင်း Tea Talks နဲ့ ပူးပေါင်းပြီး အွန်လိုင်းဆွေးနွေးပွဲကို Covid-19 နှင့် သတင်းအမှားများ ခေါင်းစဉ်နဲ့ ဇူလိုင် ၅ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အွန်လိုင်းဆွေးနွေးပွဲအတွက် Zoom ကနေ ပါဝင်ချင်သူတွေအနေနဲ့ ဒီနေရာ မှာ Register လုပ်ထားနိုင်သလို ဆိုက်ဘာဘေးကင်းရဲ့ တရားဝင် Facebook စာမျက်နှာကနေလည်း Live လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင် ၅ ရက် ည ၈ နာရီမှ ၉ နာရီအထိ ကျင်းပမှာဖြစ်ပြီး ဆိုက်ဘာဘေးကင်းမှ ဦးရဲသူရသက် အပြင် အထူးဧည့်သည်အနေနဲ့ မသီတာ – စမ်းချောင်း ကလည်း Covid-19 နှင့်သတင်းမှားများအကြောင်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

-ကျော်ဇေယျ