ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းဟာ ဆိုက်ဘာတိုက်ခိုက်မှုခံရပြီး တစ်ပတ်အကြာမှာ ကွန်ပျူတာ စနစ်အားလုံးကို ပုံမှန်အတိုင်း အပြည့်အဝ မလည်ပတ်နိုင်သေးပါဘူး။

မန်ယူဝန်ထမ်းတွေက ကြာသပတေးနေ့မှာလည်း အီးမေးလ်ကို အသုံးပြုလို့ မရခဲ့သလို အခြားလုပ်ဆောင်ချက်တွေလည်း မသုံးနိုင်ပါဘူး။

“မကြာသေးခင်က ကလပ်အပေါ် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကို အိုင်တီအဖွဲ့နဲ့ ပြင်ပပညာရှင်တွေက ကွန်ရက်ကို လုံခြုံအောင် ပြုလုပ်ခဲ့ပြီး မှုခင်းစစ်ဆေးမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်” လို့ မန်ယူက ထုတ်ပြန်ခဲ့ပါတယ်။
ကလပ်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုက ဘယ်သူက တာဝန်ရှိပြီး ဘယ်လိုစေ့ဆော်မှုနဲ့ လုပ်ခဲ့တာလဲဆိုတာ မှတ်ချက်မပြုခဲ့ပါဘူး။ မန်ယူဟာ ကွန်ပျူတာကွန်ရက် အစိတ်အပိုင်းတွေ ပိတ်ခံရပြီးနောက် ရက်အနည်းငယ်အတွင်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

“အခုတိုက်ခိုက်မှုက ကြားဖြတ်နှောင့်ယှက်တဲ့ ပုံစံပါ။ အသင်းပရိသတ် အချက်အလက်တွေ ပေါက်ကြားတာမျိုး မရှိပါဘူး။ အိုးထရက်ဖို့ဒ်မှာ ကန်ရမယ့် ပွဲစဉ်အတွက် လိုအပ်တဲ့စနစ်ကို လုံခြုံအောင် လုပ်ထားပါတယ်။ ပုံမှန်အတိုင်းပဲ ပွဲတွေ ကန်သွားပါမယ်” လို့ မန်ယူက ထုတ်ပြန်ခဲ့ပါတယ်။

-စိုးထက်
Ref: APNews

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««