ဆိုက်ဘာလုံခြုံရေး အစီအစဉ်ပြုလုပ်
“နိုင်ငံခြားက ဆိုက်ဘာလုံခြုံရေး အစီအစဉ်တွေ သုံးမယ့်အစား မြန်မာကာတွန်းဇာတ်ကောင်တွေဟာ မြန်မာပရိတ်သတ်တွေကို ဆွဲဆောင်ရာမှာ အကျိုးသက်ရောက်မှု ပိုရှိလိမ့်မယ်လို့ ထင်တယ်” လို့ Kernellix Co.Ltd Myanmar မန်နေဂျင်းဒါရိုက်တာ ဦးရဲသူရသက်က ပြောပါတယ်။ မြန်မာဆိုက်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန National Security Center နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ လူပ်ရှားမှုတွေကို သြစတြေးလျ နိုင်ငံခြားရေးရာဌာန၊ မိုနက်တက္ကသိုလ်မှ လူမှုသိပ္ပံကျောင်း၊ နိုင်ငံတကာ Cyber engagement strategy တို့က ရန်ပုံငွေနဲ့အကူအညီတွေ ပေးခဲ့ကြောင်း သိရပါတယ်။
-ထွန်းထွန်း
မြန်မာနိုင်ငံမှာ ဆိုက်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။
အဲဒီအစီအစဉ်ကို Dr Lennon Chang (Monash University, Australia) နဲ့ ဦးရဲသူရသက် ( Kernellix Co.Ltd Myanmar) တို့ ပူးပေါင်းဆောင်ရွက်လိုက်တာဖြစ်ကြောင်း၊ အဲဒီလှုပ်ရှားမှုအတွက် ဖန်တီးရေးဆွဲထားတဲ့ ကာတွန်းဇာတ်ကောင်ခြောက် ကောင်ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။ တစ်နှစ်ကြာပြုလုပ်မယ့် အဲဒီအစီအစဉ်မှာ ဆိုက်ဘာလုံခြံုရေး အသိပေးရုပ်ပြဇာတ်လမ်းတို ၂၄ ပုဒ်ပါဝင်ပြီး သီတင်းနှစ် ပတ်တစ်ခါ ဇာတ်လမ်းတစ်ခုကို အစီအစဉ်ရဲ့ Facebook စာမျက်နှာနဲ့ ဝက်ဘ်ဆိုက် စာမျက်နှာတွေမှာ တင်ပြသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Facebook စာမျက်နှာ ဖြစ်ပြီး ဝက်ဘ်ဆိုက်ကတော့ ဒီနေရာမှာ ဖြစ်ပါတယ်။ Phishing, password ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကာကွယ်ခြင်း၊ ဆိုက်ဘာအနိုင်ကျင့်မှုနဲ့ အွန်လိုင်းကနေ အမုန်းစကားပြန့်ပွားခြင်းအစရှိတဲ့ အသိပေးဇာတ်လမ်းတွေ အဲဒီအစီအစဉ်မှာ ပါဝင်တယ်လို့ သိရပါတယ်။
“နိုင်ငံခြားက ဆိုက်ဘာလုံခြံုရေး အစီအစဉ်တွေသုံးမယ့်အစား မြန်မာကာတွန်းဇာတ်ကောင်တွေဟာ မြန်မာပရိတ်သတ်တွေကို ဆွဲဆောင်ရာမှာ အကျိုးသက်ရောက်မှု ပိုရှိလိမ့်မယ်လို့ ထင်တယ်” လို့ Kernellix Co.Ltd Myanmar မန်နေဂျင်းဒါရိုက်တာ ဦးရဲသူရသက်က ပြောပါတယ်။ မြန်မာဆိုက်ဘာလုံခြံုရေး သိမြင်နိုးကြားမှု အစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန National Security Center နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ လူပ်ရှားမှုတွေကို သြစတြေးလျ နိုင်ငံခြားရေးရာဌာန၊ မိုနက်တက္ကသိုလ်မှ လူမှုသိပ္ပံကျောင်း၊ နိုင်ငံတကာ Cyber engagement strategy တို့က ရန်ပုံငွေနဲ့အကူအညီတွေ ပေးခဲ့ကြောင်း သိရပါတယ်။
-ထွန်းထွန်း