ဆိုက်ဘာလုံခြုံရေးကြောင့် အာရှပစိဖိတ်ဒေသတွင်း ဆုံးရှုံးမှု များလာနိုင်ဟုဆို

[ Zawgyi ]



စစ်တမ်းကောက်ယူခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ထက်ဝက်ကျော်ဟာ ဆိုင်ဘာလုံခြုံရေး ပြဿနာကို တွေ့ကြုံခဲ့တာ ၂၅ ရာခိုင်နှုန်းရှိပြီး စုံစမ်းစစ်ဆေးမှု နဲ့ ဒေတာချိုးဖောက်မှုတွေကို သေချာလုပ်ဆောင်ထားခြင်းမရှိလို့ ပြဿနာတွေ့ကြုံခဲ့မှုရှိမရှိ မသိခြင်း က ၂၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်မှုတွေကြောင့် အဖွဲ့အစည်း ဆယ်ခုအနက်မှ ခုနစ်ခု (၆၇%) မှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း

[ Unicode ]

ဆိုက်ဘာလုံခြုံရေး နှောင့်ယှက်မှုတွေကြောင့် အာရှိပစိဖိတ်ဒေသတွင်းမှာ ဆုံးရှုံးမှုများလာ ကြောင့် Microsoft က သတင်းထုတ်ပြန်ပါတယ်။

အာရှပစိဖိတ်ဒေသတွင်း အကြီးစားအဖွဲ့အစည်းတွေအနေနဲ့ အလတ်စား အဖွဲ့အစည်းတွေရဲ့ စီးပွားရေးပိုင်းအရ ဆုံးရှုံးမှုထက် အဆ ၃၀၀ လောက်ပိုနိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်အထိ ဆုံးရှုံးမှုရှိနိုင်တယ်လို့ Microsoft က ကောက်ယူထားတဲ့ စစ်တမ်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလတ်စား အဖွဲ့အစည်းက ဝန်ထမ်းဦးရေ ၂၅၀ မှ ၄၉၉ အထိ၊ အကြီးအစား အဖွဲ့အစည်းတွေက ဝန်ထမ်းဦးရေ ၅၀၀ နဲ့အထက်၊ စီးပွားရေးနဲ့ IT ဆုံးဖြတ်ချက် ချမှတ်သူပေါင်း ၁၃၀၀ ကို စစ်တမ်းကောက်ယူ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ထက်ဝက်ကျော်ဟာ ဆိုင်ဘာလုံခြံုရေး ပြဿနာကို တွေ့ကြံုခဲ့တာ ၂၅ ရာခိုင်နှုန်းရှိပြီး စုံစမ်းစစ်ဆေးမှု နဲ့ ဒေတာချိုးဖောက်မှုတွေကို သေချာလုပ်ဆောင်ထားခြင်းမရှိလို့ ပြဿနာတွေ့ကြံုခဲ့မှုရှိမရှိ မသိခြင်း က ၂၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာလုံခြံုရေး တိုက်ခိုက်မှုတွေကြောင့် အဖွဲ့အစည်း ဆယ်ခုအနက်မှ ခုနစ်ခု (၆၇%) မှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း