ဆရာ/ဆရာမများအတွက် Language Assessment in the Classroom အခမဲ့အွန်လိုင်းသင်တန်းဖွင့်မည်

ဆရာ/ဆရာမများအတွက် Language Assessment in the Classroom အခမဲ့အွန်လိုင်းသင်တန်းကို ဖွင့်လှစ်သွားမယ်လို့ British Council Myanmar မှသိရပါတယ်။

သင်တန်းတွင် ဘာသာစကားအကဲဖြတ်ခြင်းရဲ့ အခြေခံမူအကြောင်းကို သင်ကြားပို့ချပေးမှာဖြစ်ပြီး သင်တန်းတက်ရောက်သူများက ကွဲပြားခြားနားသော စာမေးပွဲ/စစ်ဆေးမှုများနောက်ကွယ်မှ အတွေးအခေါ်များကို နားလည်လာပြီး ဘာသာစကားသင်သည့်စာသင်ခန်းထဲတွင် အကဲဖြတ်ဖို့ ဘယ်လိုပြန်လည်အသုံးပြုနိုင်ကြောင်းကို လေ့လာနိုင်မှာပါ။ အတွေ့အကြုံရှိသော နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များရဲ့ လမ်းညွှန်မှုဖြင့် လက်တွေ့ကျသော ဘာသာစကား ဆန်းစစ်အကဲဖြတ်ခြင်းများကို သင်ယူနိုင်မှာဖြစ်တဲ့အတွက် သင်တန်းအပြီးတွင် မိမိရဲ့ ပညာရေးနယ်ပယ်အတွက် သင့်တော်သော အကဲဖြတ်နည်းလမ်းများကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ သင်တန်းစတင်မှာဖြစ်ပြီး http://bit.ly/LAC-Nov20 မှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။ အခမဲ့ အွန်လိုင်းသင်တန်းများကို ဗြိတိသျှကောင်စီမြန်မာမှ စီစဉ်ခြင်းမဟုတ်သည့်အတွက် သင်တန်းနှင့်ပတ်သက်ပြီး အမေးများသောမေးခွန်းများ (FAQ) ကို https://about.futurelearn.com/about/faq တွင် တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ