ဆရာ/ဆရာမများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများ တက်ရောက်နိုင်

ဆရာ/ဆရာမများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများဖြစ်တဲ့ Language Assessment in the Classroom နဲ့ Understanding Language: Learning and Teaching တန်းတွေကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Language Assessment in the Classroom သင်တန်းမှာ ဘာသာစကားအကဲဖြတ်ခြင်းရဲ့ အခြေခံမူအကြောင်းကို သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူများက ကွဲပြားခြားနားတဲ့ စာမေးပွဲ/စစ်ဆေးမှုများနောက်ကွယ်မှ အတွေးအခေါ်များကို နားလည်လာပြီး ဘာသာစကားသင်တဲ့စာသင်ခန်းထဲမှာ အကဲဖြတ်ဖို့ ဘယ်လို ပြန်လည်အသုံးပြုနိုင်ကြောင်းကို လေ့လာနိုင်မှာပါ။ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များရဲ့ လမ်းညွှန်မှုနဲ့ လက်တွေ့ကျတဲ့ ဘာသာစကား ဆန်းစစ်အကဲဖြတ်ခြင်းများကို သင်ယူနိုင်မှာဖြစ်တဲ့အတွက် သင်တန်းအပြီးမှာ မိမိရဲ့ ပညာရေးနယ်ပယ်အတွက် သင့်တော်တဲ့ အကဲဖြတ်နည်းလမ်းများကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေဟာ ဒီနေရာမှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။

Understanding Language: Learning and Teaching သင်တန်းကတော့ ဘာသာစကားသင်ယူခြင်းနဲ့ သင်ကြားခြင်းရဲ့ နောက်ဆုံးပေါ်အတွေးအခါ်များ၊ သုတေသနနဲ့ အလေ့အထများကို ပို့ချသွားမှာဖြစ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မယ့် သုတေသနပရောဂျက်တွင် သင်နေထိုင်ရာဒေသရဲ့ ဘာသာစကားမူဝါဒများနဲ့ အလေ့အထများကို ဆွေးနွေးရင်း ပါဝင်နိုင်တဲ့ အခွင့်အရေးကိုလည်း ရရှိမှာပါ။ တက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ ဒီနေရာမှာ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ

စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .