ဆရာ၊ ဆရာမများ အတွက် TEA ပညာတော်သင်အစီအစဉ် လျှောက်လွှာခေါ်ယူ

အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူလိုတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ Fulbright Teaching Excellence and Achievement (TEA) Program ပညာသင်ဆုကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။

TEA ပညာတော်သင်အစီအစဉ်ဟာ သီတင်းပတ် ခြောက်ပတ်ကြာ ပညာတော်သင်အစီအစဉ် ဖြစ်ပြီး နိုင်ငံတကာက ဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သင်ကြားရေးစွမ်းရည် မြှင့်တင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ တိုးပွားစေဖို့အတွက် ပေးအပ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်စာ၊ သင်္ချာ ၊ သိပ္ပံ နဲ့ လူမှုရေးပညာလေ့လာမှုဘာသာ စတဲ့ ဘာသာရပ်တွေကို သင်ကြားရေးမှာ ငါးနှစ် သို့မဟုတ် ငါးနှစ်နဲ့ အထက် အတွေ့အကြုံရှိသူ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေအားလုံး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာဖောင်ကို https://go.usa.gov/xAgu8 မှာရယူနိုင်ပြီး RangoonUSECA@state.gov သို့ပေးပို့ရမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««