
၂၀၁၀ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဟာ ဖုန်းမခေါ်ဆိုနိုင်တဲ့ ထုတ်ကုန်အကြီးစားတစ်ခုမိတ်ဆက်ခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ အများပြည်သူဆီ ပထမဆုံး iPad ကိုဖြန့်ချိလိုက်ပါတယ်။ iPad ဟာ tablet ကိုတော်လှန်ပြောင်းလဲခဲ့ပြီး သက်ရောက်မှုတွေက အခုထိရှိနေသေးပါတယ်။ အခုဆိုရင် နည်းပညာလောက ကုမ္ပဏီတိုင်းက iPad လိုမျိုး ထုတ်ကုန်အတွက် ရင်းနှီးမြှုပ်နှံ ထုတ်လုပ်နေကြပါတယ်။ တစ်ချို့ထုတ်ကုန်တွေက ဈေးနှုန်းသက်သာပြီး လူတိုင်းဝယ်ယူနိုင်ပါတယ်။ အခြား tablet တွေကတော့ ဆန်းသစ်၊ လှပကြပါတယ်။အခုအခါမှာတော့ iPad ရဲ့သက်တမ်းဟာ ဆယ်နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ iPad ပထမဆုံးမျိုးဆက်နဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့ အကြောင်းအရာတွေကို အောက်မှာဖော်ပြပေးလိုက်တယ်။
မအောင်မြင်တဲ့ ပထမဆုံးကြိုးပမ်းမှု
Apple ဟာ iPad နဲ့စိတ်ကူးပိုင်း ဆင်တဲ့ touch အခြေခံ လက်ကိုင်ကွန်ပျူတာကို ကနဦး မိတ်ဆက်ခဲ့ပါတယ်။ ၁၉၉၃ခုနှစ်အတွင်း ဖြန့်ချိခဲ့တဲ့ Newton MessagePad ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၉၀၀ဖြစ်ပါတယ်။ယနေ့ခေတ်အရဆိုရင် တစ်ကိုယ်ရေဒီဂျစ်တယ်အထောက်အပံ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဒါပေမဲ့ Apple အတွက် MessagePad ဟာထင်ရှားတဲ့ ခြေလှမ်းဖြစ်ပြီး stylus အခြေခံ အလွယ်တကူသယ်နိုင်တဲ့ ကွန်ပျူတာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်ရေးသားထားတဲ့ စားသားတွေကို ဘာသာပြန်ဖို့ လက်ရေးမှတ်မိတဲ့ software လည်းပါဝင်တယ်။ ဒါပေမယ့် အောင်မြင်တဲ့ ထုတ်ကုန်တော့ မဟုတ်ပါဘူး။ MessagePad ဟာ Doonesbury နဲ့ The Simpsons လိုမျိုးနာမည်ကျော်ကာတွန်းတွေရဲ့ ဟာသပြက်လုံးတွေ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေးသားထားတဲ့စာသားတွေကို မှန်ကန်အောင် ဘာသာမပြန်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။Apple ဟာ MessagePad တွေကို ၁၉၉၈ အထိ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၂ လအကြာမှာတော့ Apple က အလားတူစိတ်ကူးမျိုး ပြန်လည်အသုံးပြုခဲ့ပါတယ်။
အောင်မြင်မှုရရှိခဲ့တဲ့ ပထမဆုံး iPad
၂၀၁၀ ဧပြီလမှာ အမေရိကန်အတွင်း မူလ iPad ကိုမိတ်ဆက်ခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ iPad နဲ့စွမ်းဆောင်ရည်ပိုင်းကွာခြားပါတယ်။ ပထမဆုံး iPad ကို ဒေါ်လာ ၄၉၉ နဲ့ရောင်းချပြီး ရုပ်ထွက်အရည်အသွေးကတော့ 1,024x 768 ရှိပြီး storage 64GB ဖြစ်ပါတယ်။ လက်ရှိမျိုးဆက် iPad Pro မော်ဒယ်မှာတော့ ရုပ်ထွက်အရည်အသွေး 2,732x 2,048 ရှိပြီး storage 1TB အထိမြှင့်တင်ထားပါတယ်။
အခု iPad မှာ FaceTime, multitasking, 4K ဗီဒီယိုရိုက်ကူးနိုင်ပြီး AirPlay တို့လည်းပါဝင်လာပါတယ်။ ဒါ့အပြင် Amazon Kindle ပြိုင်ဘက် iBooks နဲ့မျက်နှာပြင်အကြီးစားနဲ့ iPhone app ပေါင်းများစွာလည်း အသုံးပြုနိုင်ပါတယ်။
မူလက iPad ဟာထွက်ရှိချိန်က အလွန်ကောင်းမွန်လာပါတယ်။ အချိန်နဲ့အမျှ တိုးတက်လာပြီး မူလထုတ်ကုန်ကတော့ ပိုမိုဆွဲဆောင်ရှိပါတယ်။
iPad နဲ့ဓာတ်ပုံရိုက်ကူးမှုက လူအများကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်
iPad ရေပန်းစားမှုကြောင့် iPad ဓာတ်ပုံရိုက်ကူးမှုပညာက ထူးခြားတဲ့ ရေစီးကြောင်းဖြစ်လာပါတယ်။ ခေတ်သစ် iPad တွေရဲ့ ကင်မရာက စွမ်းဆောင်ရည်မြင့်လာပြီး ဓာတ်ပုံနဲ့ ဗီဒီယိုကောင်းများစွာ ထုတ်လုပ်နိုင်ပါတယ်။iPad နဲ့ဓာတ်ပုံရိုက်ကူးမှုက ရယ်ရွှင်ဖွယ်ရာကောင်းသလို အများပြည်သူကြားထဲမှာ လူအများစုကိုလည်း စိတ်မသက်မသာလည်း ဖြစ်စေပါတယ်။
ကျောင်းတွေမှာ ရေပန်းမစားတဲ့ iPad
ပြီးခဲ့တဲ့ဆယ်စုနှစ်အစောပိုင်း ကျောင်းတွေမှာ iPad ကိုတွင်ကျယ်စွာ အသုံးပြုကြပါတယ်။ iPad ဟာ desktop ကွန်ပျူတာထက် သယ်ဆောင်ရလွယ်ကူပါတယ်။ ယနေ့ခေတ်ကလေးငယ်တွေက mouse နဲ့ keyboard တွဲထားတဲ့ ထုတ်ကုန်ထက် touchscreen ကိုပိုမိုကျွမ်းကျင်ကြတယ်။ ၂၀၁၃ခုနှစ်အတွင်း Apple tablet နဲ့ laptop တွေကို ကျောင်းတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြတယ်။ ၂၀၁၇ခုနှစ်မှာတော့ ဈေးနှုန်းသက်သာတဲ့ အခြားထုတ်ကုန်တွေနဲ့ အစားထိုးခဲ့ကြတယ်လို့ NYTimes ကဖော်ပြခဲ့ပါတယ်။နောက်ပိုင်း Apple ဟာ ပညာရေးအသားပေး iPad မော်ဒယ်တွေ ထုတ်လုပ်ခဲ့ပေမယ့် ကျောင်းအတွင်း iPad အသုံးပြုမှုက ဆက်လက်ကျဆင်းခဲ့ပါတယ်။ ကျောင်းတွေက ဈေးနှုန်း၊ လက်လှမ်းမီးမှုနဲ့ အခြားကိစ္စတွေကြောင့် Google ရဲ့ Chromebook တွေကိုပဲ အသုံးပြုကြပါတယ်။
ထိပ်တန်းအဆင့်မှာ ဆက်လက်ရပ်တည်နေတဲ့ iPad
iPad ဟာစတင်မိတ်ဆက်ကတည်းက အလွန်တရာအောင်မြင်မှု ရခဲ့ပါတယ်။ ၂၀၁၈ခုနှစ်အတွင်း iPad အလုံးရေ သန်း၄၀၀ရောင်းချခဲ့ရပါတယ်။၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း တင်ပို့ရောင်းချတဲ့ tablet အားလုံးရဲ့ ၂၆ရာခိုင်နှုန်းက iPad ဖြစ်တယ်လို့ Strategy Analytics ကဖော်ပြခဲ့ပါတယ်။ အခြား tablet တွေအမြင့်ဆုံးရောင်းချမှုက ၁၃.၉ရာခိုင်နှုန်းထက် မများပါဘူး။ဆယ်စုနှစ်တစ်ခုအပြီးမှာ Apple အတွက် iPad စမ်းသပ်မှု ဆက်လက်အောင်မြင်လျက်ရှိပါတယ်။ iPad ဟာပြိုင်ဘက်များစွာ အသိအမှတ်ပြုရတဲ့ tablet ဖြစ်နေဆဲပါ။
စိုးထက်
Ref: Mashable