ဆယ်တန်းသင်ရိုးဟောင်းနှင့် Grade-10 သင်ရိုးသစ်ဘာသာရပ် သင်ခန်းစာများကို လေ့လာနိုင်မည့် ConceptX Application Version 2.0 ထွက်ရှိ

ဆယ်တန်းသင်ရိုးဟောင်းနှင့် Grade-10 သင်ရိုးသစ်ဘာသာရပ် သင်ခန်းစာများကို လေ့လာနိုင်မည့် ConceptX Application Version 2.0 ထွက်ရှိလာပြီး အဆိုပါ Application ကို သင်္ချာဘာသာရပ် ကျွမ်းကျင်သူ ဆရာဦးစိုးထက်မှ ဦးဆောင်ကာ ဖန်တီးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Application ဖြင့် ဒဿမတန်းသင်္ချာဘာသာရပ်ကို သင်ရိုးကုန် သင်ခန်းစာများအပြင် မေးခွန်းဟောင်းပုစ္ဆာများကိုပါ အခန်းအလိုက်၊ နှစ်အလိုက်စုစည်း ဖော်ပြကာ ကျောင်းသား ကျောင်းသူ တွေ အလွယ်တကူ လေ့လာ သင်ကြားနိုင်အောင် ဖန်တီးခဲ့ကြောင်း၊သက်တမ်းနှစ်နှစ်ရှိပြီ ဖြစ်တဲ့ ConceptX Application ကို ယခုအခါ အဆင့်မြှင့် တင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ အသစ်ဖန်တီးထားတဲ့ Version 2.0 မှာ ဒသမတန်း သင်ရိုးဟောင်း သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ဇီဝဗေ ဒ ဘာသာရပ်သင်ရိုးကုန် အ ခန်းစုံသင်ခန်းစာတွေအပြင် Grade – 10 သင်ရိုးသစ်သင်္ချာ၊ရူပဗေဒ၊ ဇီဝဗေဒ သာသာရပ်များကိုပါ သင်ရိုးကုန်အခန်းစုံ ထည့်သွင်းထားကာ တစ်နှစ်စာလုံးစာ အသုံးပြုခ ၁၉,၉၀၀ ကျပ် တည်းဖြင့် တစ်နေရာတည်းမှ ရယူ သုံးစွဲနိုင်အောင် ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ သင်ကြား ရေးပိုင်းတာဝန်ယူမယ့် သူတွေက နိုင်ငံတကာတက္ကသိုလ်တွေမှာ ဘာသာရပ်အလိုက် အထူးပြုဘွဲ့ ရထားသူတွေအပြင် စာသင်သက် နှစ် (၄၀) ကျော် ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားရာမှာ လိုအပ်တဲ့ အင်တာနက်ချိတ်ဆက်မှုအဆင် မပြေသော ဒေသများမှ ကျောင်း သားကျောင်းသူများအတွက်အထူးဝန်ဆောင်မှုအဖြစ် ConceptX Tablet ကိုလည်း စီစဉ်ပေးထားတယ်လို့သိရပါ တယ်။ Tablet မှာဒဿမတန်း သင်ရိုးဟောင်းနဲ့ Grade-10 သင်ရိုးသစ် ဘာသာရပ် သင်ခန်းစာတွေကို ရုပ်သံဖိုင်အနေဖြင့် အသင့်ထည့်သွင်းပေးထားပြီး မျက်နှာပြင်အကျယ် ၁၀ လက်မ ရှိတဲ့အတွက် မျက်စိထိခိုက်နိုင်မှု ကိုလည်း လျော့ကျစေမယ် လို့ သိရပါတယ်။ သင်ကြားရေးအ ထောက်အကူပြု ConceptX Tablet ကို ကျပ် ၁၃၉,၉၀၀ ကျပ်ဖြင့် ရန်ကုန်မြို့တွင်း မြို့နယ်များရှိ ကျောင်းသားကျောင်း သူများအတွက် ပို့ဆောင်ခအခမဲ့ ဖြင့် ဝယ်ယူနိုင်အောင်စီစဉ်ပေးထားပြီး နယ်မှ ဝယ်ယူလိုသူ များအတွက် ဝယ်ယူရာဒေသအ လိုက် ကျသင့်သောပစ္စည်းပို့ ဆောင်ခသာ ထပ်မံကုန်ကျခံရ မှာ ဖြစ်တယ်လို့ သိရပါတယ်။

ConceptX Application ရဲ့ မျှဝေရယူ ဆိုတဲ့ အစီအစဉ်လည်း ပါဝင်ပြီး အဆိုပါ အစီအစဉ်မှာပါ ဝင်မယ်ဆိုရင် ConceptX Application မှာ အကောင့်ဖွင့်ကာ မျှဝေခြင်း ခေါင်းစဉ်အောက်တွင် “မျှဝေမည်” ဆိုတာကို ကလစ်နှိပ် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ဝင်ရောက်ပြီးပါက “ကူးယူမည်” ကို နှိပ်ကာ မိမိရဲ့ ကုတ်နံပါတ်ကို Facebook, Viber နဲ့ ဖုန်း SMS တို့မှတစ်ဆင့်မျှဝေရမှာ ဖြစ်ပါ တယ်။ မျှဝေပေးလိုက်တဲ့ ကုတ် နံပါတ်ကို အသုံးပြုပြီး ConceptX Application ဝယ်ယူသူ တစ် ယောက်စီတိုင်းအတွက် မျှဝေ ပေးသူနဲ့ ဝယ်ယူသူတို့မှာငွေကျပ် ၅၀၀၀ စီ ခံစားခွင့်ရမှာဖြစ်ပါတယ်။ခံစားခွင့်ပမာဏကို ၂၅၀,၀၀၀ ကျပ်အထိ သတ်မှတ်ပေးထားပြီး မျှဝေခဲ့သော လူစာရင်းအလိုက်ဆု ကြေးငွေကို “ငွေထုတ်ယူမည်” မှ တစ်ဆင့် ထုတ်ယူနိုင်မှာဖြစ်တယ် လို့သိရပါတယ်။ ConceptX Application ကို ကျောင်းသား ကျောင်းသူများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုစေနိုင်ရန်အတွက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၊ အစိုးရ အခြေခံအ ထက်တန်းကျောင်းများတွင် မိတ် ဆက်ပေးခြင်း နှင့် သုံးစွဲခွင့် လှူ ဒါန်းခြင်းများကိုလည်း လုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

-သန္တာ