ဆယ္ေက်ာ္သက္ ဖုန္းေစာင့္ၾကည့္ေရး app ကေန account အခ်က္အလက္မ်ား ေပါက္ၾကားခဲ့

[ Zawgyi ]

မိဘေတြဟာ သူတို႔ကေလးေတြရဲ႕ text message အျပင္ တည္ေနရာနဲ႔ ဖုနး္ေခၚဆုိမႈေတြကုိ လုံၿခဳံစြာေစာင့္ၾကည့္ႏိုင္ဖို႔ TeenSafe လုိ႔အမည္ရတဲ့ app ကုိ အသုံးျပဳၾကပါတယ္။ ဒါ့အျပင္ TeenSafe app ဟာ ထုတ္ကုန္ေပၚက web browser history ေတြကို ၾကည့္႐ႈႏိုင္သလို install လုပ္ထားတဲ့ app ေတြကိုလည္း ျပန္လည္သုံးသပ္ႏိုင္ေစပါတယ္။

အခုဆိုရင္ အဲဒီ app အသုံးျပဳခဲ့တဲ့ ဆာဗာတစ္ခုကေန account ေထာင္ေပါင္းမ်ားစြာရဲ႕ အခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚ ခဲ့တယ္လို႔ ZDNet ကေဖာ္ျပခဲ့ပါတယ္။

ေလာ့စ္အိန္ဂ်လိစ္အေျခစိုက္ကုမၸဏီဟာ Amazon ရဲ႕ cloud host လုပ္ထားတဲ့ ဆာဗာေတြကို အကာအကြယ္ မလုပ္ထားဘဲ password မလိုဘဲ လူတိုင္းအသုံးျပဳႏိုင္ေအာင္ ထားခဲ့တယ္လို႔ ZDNet က ေဖာ္ျပခဲ့ပါတယ္။ ဆာဗာမွာရွိတဲ့ အခ်က္အလက္ေတြထဲမွာ မိဘရဲ႕ အီးေမးလ္လိပ္စာနဲ႔ ဆက္ႏႊယ္တဲ့ ကေလးရဲ႕Apple iCloud အီးေမးလ္လိပ္စာနဲ႔ hash password ေတြပါဝင္လာပါတယ္။ ဒါ့အျပင္ ကေလးရဲ႕ ထုတ္ကုန္နာမည္၊ အမည္ရင္းနဲ႔ ထုတ္ကုန္ရဲ႕ ID ေတြလည္း ပါဝင္လာပါေသးတယ္။

အဲဒီအခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚတာကုိ ZDNet ကသတိေပးၿပီးေနာက္မွာ ကုမၸဏီက ဆာဗာေတြကို offline ျပဳလုပ္ခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ အမ်ားျပည္သူနဲ႔ ခ်ိတ္ဆက္ထားတဲ့ ဆာဗာေတြထဲကတစ္ခုကို ပိတ္သိမ္းၿပီး ထိခုိက္ႏိုင္ေျခရွိတဲ့ သုံးစြဲသူေတြကုိ သတိေပးမႈ စတင္ျပဳလုပ္ခဲ့တယ္” လို႔ TeenSafe ေျပာေရးဆိုခြင့္ရွိသူက ZDNet ကို ေျပာခဲ့ပါတယ္။

စိုးထက္
Ref: CNET

===============

[ Unicode ]

ဆယ်ကျော်သက် ဖုန်းစောင့်ကြည့်ရေး app ကနေ account အချက်အလက်များ ပေါက်ကြားခဲ့

===============

မိဘတွေဟာ သူတို့ကလေးတွေရဲ့ text message အပြင် တည်နေရာနဲ့ ဖုနး်ခေါ်ဆိုမှုတွေကို လုံခြုံစွာစောင့်ကြည့်နိုင်ဖို့ TeenSafe လို့အမည်ရတဲ့ app ကို အသုံးပြုကြပါတယ်။ ဒါ့အပြင် TeenSafe app ဟာ ထုတ်ကုန်ပေါ်က web browser history တွေကို ကြည့်ရှုနိုင်သလို install လုပ်ထားတဲ့ app တွေကိုလည်း ပြန်လည်သုံးသပ်နိုင်စေပါတယ်။

အခုဆိုရင် အဲဒီ app အသုံးပြုခဲ့တဲ့ ဆာဗာတစ်ခုကနေ account ထောင်ပေါင်းများစွာရဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ် ခဲ့တယ်လို့ ZDNet ကဖော်ပြခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်အခြေစိုက်ကုမ္ပဏီဟာ Amazon ရဲ့ cloud host လုပ်ထားတဲ့ ဆာဗာတွေကို အကာအကွယ် မလုပ်ထားဘဲ password မလိုဘဲ လူတိုင်းအသုံးပြုနိုင်အောင် ထားခဲ့တယ်လို့ ZDNet က ဖော်ပြခဲ့ပါတယ်။ ဆာဗာမှာရှိတဲ့ အချက်အလက်တွေထဲမှာ မိဘရဲ့ အီးမေးလ်လိပ်စာနဲ့ ဆက်နွှယ်တဲ့ ကလေးရဲ့Apple iCloud အီးမေးလ်လိပ်စာနဲ့ hash password တွေပါဝင်လာပါတယ်။ ဒါ့အပြင် ကလေးရဲ့ ထုတ်ကုန်နာမည်၊ အမည်ရင်းနဲ့ ထုတ်ကုန်ရဲ့ ID တွေလည်း ပါဝင်လာပါသေးတယ်။

အဲဒီအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်တာကို ZDNet ကသတိပေးပြီးနောက်မှာ ကုမ္ပဏီက ဆာဗာတွေကို offline ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ အများပြည်သူနဲ့ ချိတ်ဆက်ထားတဲ့ ဆာဗာတွေထဲကတစ်ခုကို ပိတ်သိမ်းပြီး ထိခိုက်နိုင်ခြေရှိတဲ့ သုံးစွဲသူတွေကို သတိပေးမှု စတင်ပြုလုပ်ခဲ့တယ်” လို့ TeenSafe ပြောရေးဆိုခွင့်ရှိသူက ZDNet ကို ပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET