ဆန္ဒပြသသူတွေရဲ့ မျက်နှာကို ကာကွယ်ပေးမယ့် Signal လုပ်ဆောင်ချက်အသစ်

လုံခြုံမှုအလေးပေးတဲ့ Signal app ဟာ ဓာတ်ပုံတွေကို မဝေမျှခင် ပုံထဲမှာ ပါဝင်သူတွေရဲ့ မျက်နှာကို ဖုံးပေးနိုင်မယ့် blur tool တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အခုလုပ်ဆောင်ချက်က လက်ရှိမှာ ရဲတွေရဲ့ ရက်စက်မှုကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ကိုယ်ပိုင်လက္ခဏာကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ Signal ကပြောခဲ့ပါတယ်။

Signal ရဲ့ image editor အတွင်း သုံးစွဲသူက မျက်နှာထိပ်ဘက်က blur icon အသစ်ကို tap လုပ်ပြီး သုံးနိုင်ပါတယ်။ အဲဒီ tool ကဓာတ်ပုံအတွင်းက မျက်နှာတွေကို ခြေရာခံပြီး ဝေဝါးအောင် လုပ်ပေးမှာပါ။ ဒါ့အပြင် ဓာတ်ပုံအတွင်းက တက်တူးတွေ၊ လိုဂိုတွေ၊ လမ်းဆိုင်းဘုတ်တွေနဲ့ တံဆိပ်ကိုလည်း ဝေဝါးအောင် လုပ်နိုင်ပါမယ်။

“ဒီစနစ်ရဲ့ library ကမပြည့်စုံပါဘူး။ သူတို့က မျက်နှာတွေကို ရာနှုန်းပြည့် ခြေရာမခံနိုင်ပါဘူး။ အားနည်းချက်တွေနဲ့ ဘက်လိုက်မှုတာတွေရှိတဲ့အတွက် default လုပ်ဆောင်ချက်ကို ချဲ့ထားတာပါ။ သုံးစွဲကိုယ်တိုင် blur brush ကိုသုံးပြီး ဓာတ်ပုံထဲက မျက်နှာနဲ့ အခြားနေရာတွေကို လိုက်လံ ဖုံးအုပ်နိုင်တယ်” လို့ Signal က blog post မှာရေးသားခဲ့ပါတယ်။

မေ ၂၅ ရက် ဂျော့ဖလွိုက်သတ်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ များပြားလာသလို Signal ကို download ပြုလုပ်မှုလည်း အလွန်မြင့်တက်လာပါတယ်။ Recode ရဲ့ဖော်ပြချက်အရ မေ ၁၅ရက်နောက်ပိုင်း Signal ကို download ပြုလုပ်မှု အကြိမ်ရေ ၁၂၁,၀၀၀ ရှိပါတယ်။

-စိုးထက်
Ref: CNET