ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စ ထပ်မံအသိပေးထား

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ထပ်မံအသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက်နောက်ဆုံးထားကာ မှတ်ပုံတင်ရမှာဖြစ်ပြီး တည်ဆဲဥပဒေအရ ထုတ်ပေးထားသော သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/ နိုင်ငံသားစိစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ နိုင်ငံခြားသာများအတွက် Passport တစ်ခုခုနဲ့ ၂ ကတ်ထက်ပိုကာ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ် တွေကို ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ Call Center ကိုခေါ်ဆိုနိုင်ခြင်းမှ လွဲကာ အထွက်ခေါ်ဆိုမှုကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

မှတ်ပုံတင်ထားခြင်းရှိမရှိကို MPT Sim Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *601# ကိုလည်းကောင်း၊ Telenor SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *979*3*3# ကိုလည်းကောင်း၊ Ooredoo SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *666# ကိုလည်းကောင်း၊ MyTel SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *966# ကိုလည်းကောင်း ခေါ်ဆိုကာ စစ်ဆေးနိုင်ပါတယ်။

ဆင်းမ်ကတ်များပြန်လည်မှတ်ပုံတင်နိုင်ရေးကို ဖေဖော်ဝါရီ ၂၃ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများနဲ့ လူမှုကွန်ရက်မီဒီယာများမှာ အသိပေးကြေညာခဲ့ပြီးဖြစ်ပါတယ်။

-သန္တာ

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .