ဆင္းကဒ္ကို ဘိုင္အိုမက္ထရစ္နည္းနဲ႕ မွတ္ပံုတင္ေရးအတြက္ ၂၀၂၀ ဇြန္လမကုန္မွီ Common Database ၿပီးစီးေအာင္ ေဆာင္ရြက္မည္

[Zawgyi]

ဆင္းမ္ကတ္မွတ္ပံုတင္ျခင္းအတြက္ ဘိုင္အိုမက္ထရစ္နည္းနဲ႕ မွတ္ပံုတင္ႏိုင္ေရးအတြက္ ေဆာင္ရြက္ႏိုင္ရန္ Common Database စနစ္ကို ၂၀၂၀ ခုႏွစ္ ဇြန္လမကုန္မီ ၿပီးစီးေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္ၿပီး ၿပီးဆံုးပါက အသစ္၀ယ္ဆင္းမ္ကတ္မ်ားကို စတင္ၿပီး ဘိုင္အိုမက္ထရစ္နည္းနဲ႕ မွတ္ပံုတင္ေပးသြားမွာျဖစ္ကာ လက္ရွိမွတ္ပံုတင္ၿပီးသား ဆင္းမ္ကတ္မ်ားကိုလည္း အခ်ိန္ကာလ သတ္မွတ္ၿပီး ျပန္လည္ကာ ဘိုင္အိုမက္ထရစ္နည္းနဲ႕ ထပ္မံျပဳလုပ္သြားရမယ္လို႕ ပို႕ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသာဦၤးက ေျပာဆိုခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ဩဂုတ္ ၆ ရက္၊ ယေန႔ က်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး အ႒မေန႔ အစီအစဥ္မွာ ေဒၚေအးျမျမမ်ိဳး၊ ေက်ာက္တန္း မဲဆႏၵနယ္ရဲ႕ SIM Card မွတ္ပုံတင္ျခင္းကို နိုင္ငံသားမွတ္ပုံတင္မူရင္းျဖင့္ေသာ္လည္းေကာင္း၊ Biometric စနစ္ျဖင့္ေသာ္လည္းေကာင္း မွတ္ပုံတင္ျခင္းျပဳလုပ္မည့္ အစီအစဥ္ကို သိလိုျခင္း ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းကို ျပန္လည္ေျဖၾကားရာမွာ ထည္႕သြင္း ေျဖဆိုခဲ့တာျဖစ္ပါတယ္။

ဆင္းမ္ကတ္မွတ္ပံုတင္ျခင္းကို ဘိုင္အိုမက္ထရစ္အပါ အ၀င္ သတ္မွတ္ထားတဲ့ အခ်က္အလက္ မ်ားနဲ႕ စတင္ေဆာင္ရြက္ႏိုင္ရန္ Common Database စနစ္ကို ၂၀၂၀ ခုႏွစ္ ဇြန္လမကုန္မီ ၿပီးစီးေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႕ ဆိုပါတယ္။ Common Database စနစ္နဲ႕ ဆင္းမ္ကတ္ အသစ္၀ယ္ယူသူမ်ားကို မွတ္ပံုတင္ျခင္း ေဆာင္ရြက္ေပးသြားမွာ ျဖစ္ၿပီး အခုလက္ရွိ သံုးစြဲၿပီး မွတ္ပံုတင္ထားတဲ့ ဆင္းမ္ကတ္မ်ားကို အခ်ိန္ကာလသတ္မွတ္ၿပီး ဘိုင္အိုမက္ထရစ္နည္းနဲ႕ မွတ္ပံုတင္ ျပန္လည္တင္သြားရမွာျဖစ္ေၾကာင္း ဒုတိယ၀န္ႀကီးက ထည္႔သြင္းေျဖၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိအေနအထားမွာ ၃၁.၁.၂၀၁၇ ရက္ေန႔အထိ မွတ္ပံုတင္မထားရွိတဲ့ ဆင္းမ္ကတ္ ၈.၆၈ သန္းကို ယာယီ ပိတ္သိမ္းထားခဲ့ၿပီး ယာယီပိတ္သိမ္းထားတဲ့ ၄င္းကတ္ေတြကို ေနာက္ထပ္သံုးလ ေစာင့္ဆိုင္းၿပီး ထားရွိရာမွာ သတ္မွတ္ရက္ျပည္႔လို႕ စနစ္တက် မွတ္ပံုမတင္ခဲ့တဲ့ ဆင္းမ္ကတ္ ၆.၆ သန္း ခန္႕ကို ပိတ္သိမ္းခဲ့တယ္လို႕လည္း သိရပါတယ္။

[Unicode]

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် ဘိုင်အိုမက်ထရစ်နည်းနဲ့ မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ရန် Common Database စနစ်ကို ၂၀၂၀ ခုနှစ် ဇွန်လမကုန်မီ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြီးဆုံးပါက အသစ်ဝယ်ဆင်းမ်ကတ်များကို စတင်ပြီး ဘိုင်အိုမက်ထရစ်နည်းနဲ့ မှတ်ပုံတင်ပေးသွားမှာဖြစ်ကာ လက်ရှိမှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်များကိုလည်း အချိန်ကာလ သတ်မှတ်ပြီး ပြန်လည်ကာ ဘိုင်အိုမက်ထရစ်နည်းနဲ့ ထပ်မံပြုလုပ်သွားရမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦင်္းက ပြောဆိုခဲ့ပါတယ်။

နေပြည်တော်မှာ ဩဂုတ် ၆ ရက်၊ ယနေ့ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစီအစဉ်မှာ ဒေါ်အေးမြမြမျိုး၊ ကျောက်တန်း မဲဆန္ဒနယ်ရဲ့ SIM Card မှတ်ပုံတင်ခြင်းကို နိုင်ငံသားမှတ်ပုံတင်မူရင်းဖြင့်သော်လည်းကောင်း၊ Biometric စနစ်ဖြင့်သော်လည်းကောင်း မှတ်ပုံတင်ခြင်းပြုလုပ်မည့် အစီအစဉ်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဘိုင်အိုမက်ထရစ်အပါ အဝင် သတ်မှတ်ထားတဲ့ အချက်အလက် များနဲ့ စတင်ဆောင်ရွက်နိုင်ရန် Common Database စနစ်ကို ၂၀၂၀ ခုနှစ် ဇွန်လမကုန်မီ ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Common Database စနစ်နဲ့ ဆင်းမ်ကတ် အသစ်ဝယ်ယူသူများကို မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး အခုလက်ရှိ သုံးစွဲပြီး မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်များကို အချိန်ကာလသတ်မှတ်ပြီး ဘိုင်အိုမက်ထရစ်နည်းနဲ့ မှတ်ပုံတင် ပြန်လည်တင်သွားရမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ၃၁.၁.၂၀၁၇ ရက်နေ့အထိ မှတ်ပုံတင်မထားရှိတဲ့ ဆင်းမ်ကတ် ၈.၆၈ သန်းကို ယာယီ ပိတ်သိမ်းထားခဲ့ပြီး ယာယီပိတ်သိမ်းထားတဲ့ ၄င်းကတ်တွေကို နောက်ထပ်သုံးလ စောင့်ဆိုင်းပြီး ထားရှိရာမှာ သတ်မှတ်ရက်ပြည့်လို့ စနစ်တကျ မှတ်ပုံမတင်ခဲ့တဲ့ ဆင်းမ်ကတ် ၆.၆ သန်း ခန့်ကို ပိတ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။