ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်မှုစီမံကိန်းအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုး

ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် Sojitz Corporation တို့အနေနဲ့ JICA ODA Loan နဲ့ဆောင်ရွက်မယ့် ဆက်သွယ်ရေးကွန်ရက် အဆင့် မြှင့်တင်မှုစီမံကိန်းအတွက် စီမံ ကိန်းလုပ်ငန်းများဆောင်ရွက်ရန် သဘောတူစာချုပ်ကို နိုဝင်ဘာလ ၂၀ ရက်က Kempinski ဟိုတယ် မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါ တယ်။

အဆိုပါ ဆက်သွယ်ရေး ကွန် ရက်အဆင့်မြှင့်တင်မှုစီမံကိန်းအ တွက် Project Feasibility Study ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စတင်ဆောင်ရွက်ခဲ့ကာ ဂျပန်ယန်းငွေ (၁၀.၅) ဘီလီယံ ပမာဏရှိ ချေးငွေစာချုပ်ကို မြန်မာနိုင်ငံအစိုးရနဲ့ ဂျပန်နိုင်ငံအစိုးရ (JICA) တို့အကြား ၂၀၁၅ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် အ တွက် နိုင်ငံတကာတင်ဒါခေါ်ယူ၍ တင်သွင်းလာသော ကုမ္ပဏီများ ကို အဆင့်ဆင့် စိစစ်ပြီးနောက် Sojitz Corporation ကို အပြီးသတ်ရွေးချယ်ကာ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းအရ ရန်ကုန် မြို့တွင်းအပါအဝင် ရန်ကုန်၊နေ ပြည်တော်နှင့် မန္တလေးမြို့တွေကို ဆက်သွယ်ထားသော ဆက်သွယ် ရေး အခြေခံအဆောက်အအုံများ ကိုအဆင့်မြှင့်တင်ခြင်း ၊ Nati-onal Gateway နှင့် ISP များအဆင့်မြှင့်တင်ခြင်း၊သီလဝါအထူး စီးပွားရေးဇုန်တွင် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်း ကာလမှာစုစုပေါင်း ၂ နှစ် ခန့် ကြာမြင့်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။