ဆက္သြယ္ေရး ဝန္ေဆာင္ခႏႈန္းထားဆိုင္ရာ ၫႊန္ၾကားခ်က္ ေရးဆြဲထုတ္ျပန္မည္

[ Zawgyi ]

ဆက္သြယ္ေရး​ဝန္ေဆာင္ခ ႏႈန္းထားဆိုင္ရာ ၫႊန္ၾကားခ်က္ (Telecommunication Tariff Directive ) ကို ေရးဆြဲထုတ္ျပန္ႏိုင္ေရး ေဆာင္ရြက္မယ္လို႔ သိရပါတယ္။

အဲဒီအတြက္ အမ်ားျပည္သူသေဘာထား ေတာင္းခံထားပါတယ္။ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနအေနနဲ႔ ဆက္သြယ္ေရးဥပေဒပါ ျပဌာန္းခ်က္တစ္ရပ္ျဖစ္တဲ့ အသံုးျပဳသူကို အကာအကြယ္ေပးျခင္းဆိုင္ရာ ျပဌာန္းခ်က္နဲ႔အညီ ေအာ္ပေရတာေတြရဲ႕ ဝန္ေဆာင္ခႏႈန္း ထားေတြကို စိစစ္ခြင့္ျပဳေပးေနေၾကာင္း၊ အဲဒီလိုခြင့္ျပဳရာမွာ လြတ္လပ္စြာယွဥ္ၿပိဳင္မႈကို အဟန္႔အတားျဖစ္ေစျခင္းမရွိေစဖို႔ ေအာ္ပေရတာေတြက တင္ျပရမယ့္အခ်က္ေတြ၊ သံုးစြဲသူ အကာအကြယ္ေရးေရးနဲ႔ စပ္လ်ဥ္းၿပီး ပြင့္လင္းျမင္သာမႈရွိတဲ့ ႏႈန္းထားျဖစ္ေစဖို႔နဲ႔ ဝန္ေဆာင္ခႏႈန္းထားေတြ ေၾကာ္ျငာရာမွာ ပါဝင္ရမယ့္အခ်က္ေတြ ကိုေဖာ္ျပထားတဲ့ ဆက္သြယ္ေရး ဝန္ေဆာင္ခႏႈန္းထားဆိုင္ရာ ၫႊန္ၾကားခ်က္ကို ေရးဆြဲထုတ္ျပန္ႏိုင္ေရး ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ မူၾကမ္းအေပၚ အႀကံျပဳခ်က္ေတြ၊ သေဘာထားမွတ္ခ်က္ေတြ ေပးပို႔ဖို႔ဖိတ္ေခၚထားၿပီး ၃၀.၆.၂၀၁၈ ရက္ေနာက္ဆံုးထား အႀကံဳျပဳႏိုင္ေၾကာင္း၊ အႀကံဳျပဳစာကို ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာနကိုလည္းေကာင္း၊ [email protected], [email protected] အီးေမးလ္ကိုလည္းေကာင္း ေပးပို႔ႏိုင္မွာျဖစ္ပါတယ္။ မူၾကမ္းကိုေတာ့ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဝက္ဘ္ဆိုက္ကေနတစ္ဆင့္ ရယူႏိုင္ပါတယ္။

-ထြန္းထြန္း

============

[ Unicode ]

ဆက်သွယ်ရေး ဝန်ဆောင်ခနှုန်းထားဆိုင်ရာ ညွှန်ကြားချက် ရေးဆွဲထုတ်ပြန်မည်

============

ဆက်သွယ်ရေး​ဝန်ဆောင်ခ နှုန်းထားဆိုင်ရာ ညွှန်ကြားချက် (Telecommunication Tariff Directive ) ကို ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်မယ်လို့ သိရပါတယ်။

အဲဒီအတွက် အများပြည်သူသဘောထား တောင်းခံထားပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေးဥပဒေပါ ပြဌာန်းချက်တစ်ရပ်ဖြစ်တဲ့ အသုံးပြုသူကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဌာန်းချက်နဲ့အညီ အော်ပရေတာတွေရဲ့ ဝန်ဆောင်ခနှုန်း ထားတွေကို စိစစ်ခွင့်ပြုပေးနေကြောင်း၊ အဲဒီလိုခွင့်ပြုရာမှာ လွတ်လပ်စွာယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေခြင်းမရှိစေဖို့ အော်ပရေတာတွေက တင်ပြရမယ့်အချက်တွေ၊ သုံးစွဲသူ အကာအကွယ်ရေးရေးနဲ့ စပ်လျဉ်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နှုန်းထားဖြစ်စေဖို့နဲ့ ဝန်ဆောင်ခနှုန်းထားတွေ ကြော်ငြာရာမှာ ပါဝင်ရမယ့်အချက်တွေ ကိုဖော်ပြထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်ခနှုန်းထားဆိုင်ရာ ညွှန်ကြားချက်ကို ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် မူကြမ်းအပေါ် အကြံပြုချက်တွေ၊ သဘောထားမှတ်ချက်တွေ ပေးပို့ဖို့ဖိတ်ခေါ်ထားပြီး ၃၀.၆.၂၀၁၈ ရက်နောက်ဆုံးထား အကြုံပြုနိုင်ကြောင်း၊ အကြံုပြုစာကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကိုလည်းကောင်း၊ [email protected], [email protected] အီးမေးလ်ကိုလည်းကောင်း ပေးပို့နိုင်မှာဖြစ်ပါတယ်။ မူကြမ်းကိုတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ရယူနိုင်ပါတယ်။

-ထွန်းထွန်း