ဆက္သြယ္ေရး၀န္ေဆာင္မႈလုပ္ငန္းလိုင္စင္ေပါင္း ၁၄၆ ခုထုတ္ေပးၿပီးျဖစ္

[Zawgyi]

ဆက္သြယ္ေရး၀န္ေဆာင္မႈလုပ္ငန္းလိုင္စင္ေပါင္း ၁၄၆ ခုထုတ္ေပးၿပီးျဖစ္တယ္လို႔သိရပါ တယ္။

Nationwide Telecommunication License (၄) ခု၊ Network Facilities Services License (Individual) က (၅၇) ခုရွိၿပီး Network Service License က (၁၆) ခု ခ်ထားေပးၿပီးျဖစ္ေၾကာင္းသိရပါတယ္။ ဒါ့အျပင္ Network Facilities Services License (Class) က (၄၅) ခုနဲ႔ Application Service License က (၂၄) ခုရွိတယ္လို႔သိရပါတယ္။ ေမလ ၉ ရက္ေနာက္ဆံုးထားခ်ထားေပးခဲ့တာျဖစ္ေၾကာင္း ထုတ္ျပန္ထာားတဲ့စာရင္းေတြအ ရသိရပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရး ညႊန္ၾကားမႈဦးစီးဌာနအေနနဲ႔ ဆက္သြယ္ေရး ဝန္ေဆာင္မွု လုပ္ငန္းလိုင္စင္ လာေရာက္ ေလၽွာက္ထားသူေတြကို ဆက္သြယ္ေရး ဥပေဒ၊ နည္းဥပေဒေတြနဲ႔ အညီ စိစစ္ေဆာင္ရြက္ၿပီး( ၉-၅-၂၀၁၈) ရက္အထိ ဆက္သြယ္ေရး ဝန္ေဆာင္မႈ လုပ္ငန္းလိုင္စင္ ထုတ္ေပးခဲ့တဲ့ ျပည္တြင္း ျပည္ပ ကုမၸဏီမ်ား စာရင္းကိုထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

-ထြန္းထြန္း

[Unicode]

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ပေါင်း ၁၄၆ ခုထုတ်ပေးပြီးဖြစ်တယ်လို့သိရပါ တယ်။

Nationwide Telecommunication License (၄) ခု၊ Network Facilities Services License (Individual) က (၅၇) ခုရှိပြီး Network Service License က (၁၆) ခု ချထားပေးပြီးဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် Network Facilities Services License (Class) က (၄၅) ခုနဲ့ Application Service License က (၂၄) ခုရှိတယ်လို့သိရပါတယ်။ မေလ ၉ ရက်နောက်ဆုံးထားချထားပေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထာားတဲ့စာရင်းတွေအ ရသိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လာရောက် လျှောက်ထားသူတွေကို ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ စိစစ်ဆောင်ရွက်ပြီး( ၉-၅-၂၀၁၈) ရက်အထိ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့တဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီများ စာရင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

-ထွန်ထွန်း