ဆက္သြယ္ေရးလုပ္ငန္းႏွင့္ ပတ္သက္၍ အခက္အခဲမ်ား ေျဖရွင္းႏိုင္ရန္ ေဆာင္ရြက္ထား

[ Zawgyi ]

ဆက္သြယ္ေရး လုပ္ငန္းဆိုင္ရာမွာ အခက္အခဲေတြ ေတြ႔ႀကံဳလာရင္ေျဖရွင္းႏိုင္ဖို႔ ေဆာင္ရြက္ခ်က္တစ္ခုကို ေဆာင္ရြက္ေနေၾကာင္း ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးသိန္းရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ပိုု႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနတင္မကဘဲ အျခားသက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားလည္း ပါဝင္ေၾကာင္း သိရပါတယ္။ “ဆက္သြယ္ေရးလုပ္ငန္းနဲ႔ ပတ္သက္ၿပီး အခက္အခဲေတြ ေျဖရွင္းႏိုင္ဖို႔ ကြ်န္ေတာ္တို႔ႏိုင္ငံေတာ္ အေနနဲ႔လည္း အဖြဲ႔အစည္းဖြဲ႔ၿပီး ေဆာင္ရြက္ႏိုင္ဖို႔ လုပ္ထားတာရွိပါၿပီ၊ အဲဒီအထဲမွာေတာ့ ျပည္ေထာင္စုဝန္ႀကီးက ဥကၠ႒ ကြ်န္ေတာ္အတြင္းေရးမွဴဳး အေနနဲ႔ ျပည္နယ္နဲ႔ တိုင္းအစိုးရအဖြဲ႔က ဆက္သြယ္ေရးက႑ကို ကိုင္တြယ္ေနတဲ့ ဝန္ႀကီးေတြ ပါပါတယ္၊ သက္ဆိုင္တဲ့ ေဆာက္လုပ္ေရးတို႔ ေျမစာရင္းတို႔ လွ်ပ္စစ္တို႔ ဒီလိုအဖြဲ႔ အစည္း ပါဝင္ဖြဲ႔ၿပီး တတ္ႏိုင္သေရြ႕ ဒီအခက္အခဲကို ေျဖရွင္းေနၾကတာ ျဖစ္ပါတယ္” လို႔ ဦးစိုးသိန္းက ေျပာပါတယ္။

Network Facilities Service လိုင္စင္ရ ကုမၸဏီေတြရဲ႕ အသင္းအဖြဲ႔ ဖြဲ႔စည္းေရး (Myanmar Network Facilities Service Licensee Association) ဒုတိယအႀကိမ္ အစည္းအေဝးကို MICT Park မွာ က်င္းပခဲ့ၿပီး အဲဒီအခမ္းအနားမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာမှာ အခက်အခဲတွေ တွေ့ကြုံလာရင်ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ချက်တစ်ခုကို ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပိုု့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတင်မကဘဲ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများလည်း ပါဝင်ကြောင်း သိရပါတယ်။ “ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့နိုင်ငံတော် အနေနဲ့လည်း အဖွဲ့အစည်းဖွဲ့ပြီး ဆောင်ရွက်နိုင်ဖို့ လုပ်ထားတာရှိပါပြီ၊ အဲဒီအထဲမှာတော့ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ ကျွန်တော်အတွင်းရေးမှူုး အနေနဲ့ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးကဏ္ဍကို ကိုင်တွယ်နေတဲ့ ဝန်ကြီးတွေ ပါပါတယ်၊ သက်ဆိုင်တဲ့ ဆောက်လုပ်ရေးတို့ မြေစာရင်းတို့ လျှပ်စစ်တို့ ဒီလိုအဖွဲ့ အစည်း ပါဝင်ဖွဲ့ပြီး တတ်နိုင်သရွေ့ ဒီအခက်အခဲကို ဖြေရှင်းနေကြတာ ဖြစ်ပါတယ်” လို့ ဦးစိုးသိန်းက ပြောပါတယ်။

Network Facilities Service လိုင်စင်ရ ကုမ္ပဏီတွေရဲ့ အသင်းအဖွဲ့ ဖွဲ့စည်းရေး (Myanmar Network Facilities Service Licensee Association) ဒုတိယအကြိမ် အစည်းအဝေးကို MICT Park မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

-ထွန်းထွန်း