ဆက္သြယ္ေရးလိုင္စင္ဆိုင္ရာ အဖြဲ႔အစည္း အသင္းျဖစ္ေျမာက္ေရး ဦးေဆာင္ေကာ္မတီ ဖြဲ႔စည္း

[ Zawgyi ]

ဆက္သြယ္ေရးလိုင္စင္ဆိုင္ရာ အဖြဲ႔အစည္း အသင္းျဖစ္ေျမာက္ေရးဦးေဆာင္ေကာ္မတီ (Steering Committee) ကို ဖြဲ႔စည္းခဲ့ေၾကာင္း သိရပါတယ္။

အဲဒီ Myanmar Network Facilities Service Licensee Association အသင္းအဖြဲ႔ရဲ႕ ဒုတိယအႀကိမ္ အစည္းအေဝးမွာ ဖြဲ႔စည္းခဲ့တာျဖစ္ပါတယ္။ အစည္းအေဝးကို ဇူလိုင္ ၁၃ ရက္က က်င္းပခဲ့တာျဖစ္ပါတယ္။ အသင္းဖြဲ႔စည္းရာမွာ ဆက္လက္လုပ္ေဆာင္ဖို႔ လုပ္ငန္းစဥ္ေတြ ရွိတာေၾကာင့္ စနစ္တက်ဦးေဆာင္မႈနဲ႔ တာဝန္ခြဲယူမႈေတြရွိေစဖို႔ Steering Committee ကို ဖြဲ႔စည္းခဲ့ၾကတာ ျဖစ္ေၾကာင္း၊ ဦးေဆာင္ ေကာ္မတီမွာ ဥကၠ႒၊ ဒုတိယဥကၠ႒ အပါအဝင္စုစုေပါင္း ေျခာက္ဦးပါဝင္ေၾကာင္း၊ ေကာ္မတီအဖြဲ႔ဝင္ေတြအျဖစ္ ကိုးဦးပါဝင္ေၾကာင္း စာရင္းအရသိရပါတယ္။

အသင္းအဖြဲ႔အစည္း ေပၚေပါက္ေရးနဲ႔ပတ္သက္ၿပီး DICA (ကုမၸဏီမ်ားအက္ဥပေဒအသစ္) အရ ဆက္လက္လုပ္ေဆာင္ဖို႔ လုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဆက်သွယ်ရေးလိုင်စင်ဆိုင်ရာ အဖွဲ့အစည်း အသင်းဖြစ်မြောက်ရေးဦးဆောင်ကော်မတီ (Steering Committee) ကို ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

အဲဒီ Myanmar Network Facilities Service Licensee Association အသင်းအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးကို ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။ အသင်းဖွဲ့စည်းရာမှာ ဆက်လက်လုပ်ဆောင်ဖို့ လုပ်ငန်းစဉ်တွေ ရှိတာကြောင့် စနစ်တကျဦးဆောင်မှုနဲ့ တာဝန်ခွဲယူမှုတွေရှိစေဖို့ Steering Committee ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ကြောင်း၊ ဦးဆောင် ကော်မတီမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင်စုစုပေါင်း ခြောက်ဦးပါဝင်ကြောင်း၊ ကော်မတီအဖွဲ့ဝင်တွေအဖြစ် ကိုးဦးပါဝင်ကြောင်း စာရင်းအရသိရပါတယ်။

အသင်းအဖွဲ့အစည်း ပေါ်ပေါက်ရေးနဲ့ပတ်သက်ပြီး DICA (ကုမ္ပဏီများအက်ဥပဒေအသစ်) အရ ဆက်လက်လုပ်ဆောင်ဖို့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း