ဆက္သြယ္ေရးကြန္ရက္ေပၚတြင္ ဥပေဒႏွင့္မညီေသာ ေလာင္းကစားမႈမ်ား အေရးယူမည္

[ Zawgyi ]

အင္တာနက္အပါအဝင္ ဆက္သြယ္ေရးကြန္ရက္ေပၚမွာ ဥပေဒနဲ႔မညီတဲ့ ေလာင္းကစားမႈ ေတြေဆာင္ရြက္ေနတာနဲ႔ ပတ္သက္လို႔ အေရးယူမွာျဖစ္ေၾကာင္း သိရပါတယ္။

ရွမ္းကိုးမီးအပါအဝင္ နာမည္အမ်ိဳးမ်ိဳးနဲ႔ ေဆာင္ရြက္ေနတဲ့ အြန္လိုင္းဂိမ္းေလာင္းကစား ဝန္ေဆာင္မႈေတြ တိုးပြားေနၿပီး အဲဒီေလာင္းကစားမႈေတြဟာ အမ်ားျပည္သူေတြရဲ႕ အက်င့္စာ ရိတၱကို ပ်က္စီးေစရံုသာမက ဆံုးရံႈးမႈ၊ နစ္နာမႈေတြလည္း ျဖစ္ေပၚေနေၾကာင္း၊ မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရတာေတြနဲ႔ လိုင္စင္စီေတြအေနနဲ႔ အြန္လိုင္းဂိမ္းေတြ၊ ေလာင္းကစားမႈ ေတြအပါအဝင္ ဥပေဒနဲ႔ၿငိစြန္းႏိုင္တဲ့ ဘယ္လုပ္ေဆာင္ခ်က္မႈေတြကိုမဆို တိုက္႐ိုက္ေသာ္ လည္းေကာင္း၊ သြယ္ဝိုက္ၿပီးေတာ့လည္းေကာင္း ပါဝင္ပတ္သက္ေဆာင္ရြက္တာမ်ိဳး လံုးဝမျပဳလုပ္ဖို႔နဲ႔ လိုက္နာျခင္းမရွိရင္ တည္ဆဲဥပေဒေတြနဲ႔အညီ အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ပါတယ္။

ဆက္သြယ္ေရး ဝန္ေဆာင္မႈေတြနဲ႔ စပ္လ်ဥ္းၿပီး မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရတာေတြနဲ႔ လုိင္စင္စီေတြကို ဝန္ေဆာင္မႈ လုပ္ငန္းလိုင္စင္ေတြ ထုတ္ေပးရာမွာ ျမန္မာႏိုင္ငံရဲ႕တည္ဆဲ ဥပေဒအမိန္႔နဲ႔ ၫႊန္ၾကားခ်က္ေတြ လိုက္နာေဆာင္ရြက္ေရးကို စည္းကမ္းခ်က္တစ္ရပ္အေန နဲ႔ ထည့္သြင္းျပဌာန္းထားၿပီးျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပပါရွိပါတယ္။ မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရတာေတြအားလံုး၊ NFS (I), NFS (C), NS နဲ႔ AS လိုင္စင္ရရွိသူ ေတြအားလံုးကို ျဖန္႔ေဝထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

-ထြန္းထြန္း

===========

[ Unicode ]

ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် ဥပဒေနှင့်မညီသော လောင်းကစားမှုများ အရေးယူမည်

===========

အင်တာနက်အပါအဝင် ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ ဥပဒေနဲ့မညီတဲ့ လောင်းကစားမှု တွေဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ အရေးယူမှာဖြစ်ကြောင်း သိရပါတယ်။

ရှမ်းကိုးမီးအပါအဝင် နာမည်အမျိုးမျိုးနဲ့ ဆောင်ရွက်နေတဲ့ အွန်လိုင်းဂိမ်းလောင်းကစား ဝန်ဆောင်မှုတွေ တိုးပွားနေပြီး အဲဒီလောင်းကစားမှုတွေဟာ အများပြည်သူတွေရဲ့ အကျင့်စာ ရိတ္တကို ပျက်စီးစေရုံသာမက ဆုံးရှုံးမှု၊ နစ်နာမှုတွေလည်း ဖြစ်ပေါ်နေကြောင်း၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေနဲ့ လိုင်စင်စီတွေအနေနဲ့ အွန်လိုင်းဂိမ်းတွေ၊ လောင်းကစားမှု တွေအပါအဝင် ဥပဒေနဲ့ငြိစွန်းနိုင်တဲ့ ဘယ်လုပ်ဆောင်ချက်မှုတွေကိုမဆို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့လည်းကောင်း ပါဝင်ပတ်သက်ဆောင်ရွက်တာမျိုး လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်သွယ်ရေး ဝန်ဆောင်မှုတွေနဲ့ စပ်လျဉ်းပြီး မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေနဲ့ လိုင်စင်စီတွေကို ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးရာမှာ မြန်မာနိုင်ငံရဲ့တည်ဆဲ ဥပဒေအမိန့်နဲ့ ညွှန်ကြားချက်တွေ လိုက်နာဆောင်ရွက်ရေးကို စည်းကမ်းချက်တစ်ရပ်အနေ နဲ့ ထည့်သွင်းပြဌာန်းထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေအားလုံး၊ NFS (I), NFS (C), NS နဲ့ AS လိုင်စင်ရရှိသူ တွေအားလုံးကို ဖြန့်ဝေထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

-ထွန်းထွန်း