စၾကဝဠာသန္းေပါင္းမ်ားစြာကုိ စူပါကြန္ပ်ဴတာနဲ႔ ဖန္တီးခဲ့

[ Zawgyi ]

အရီဇီုးနားျပည္နယ္က သုေတသီေတြက ေက်ာင္းရဲ႕ Ocelote ျဖစ္တဲ့ စူပါကြန္ပ်ဴတာကုိ အသုံးျပဳၿပီး တကယ့္ စၾကဝဠာတစ္ခုလုံးကုိ ျမင္ေတြ႕ႏိုင္ဖုိ႔ စၾကဝဠာအေသးစား သန္းေပါင္းမ်ားစြာ ထုတ္လုပ္ခဲ့ပါတယ္။ စၾကဝဠာတစ္ခုလုံးရဲ႕ကြဲျပားခ်က္ကုိ ပုံေဖာ္ဖို႔ထက္ ေလ့လာထားတဲ့ အာကာသရဲ႕ စူပါႏိုဗာကေန အရြယ္ႀကီးမားတဲ့အရာထိ အတိုင္းအတာပမာဏကုိ ေဖာ္ျပႏိုင္တဲ့ စနစ္ကုိ အဖြဲ႕ကဖန္တီးခဲ့ပါတယ္။ ကြန္ပ်ဴတာနဲ႔ စီစဥ္ထားတဲ့ နဂါးေငြ႕တန္းတစ္ခုကို အျပည့္အဝ ဖန္တီးမယ္ဆိုရင္ တြက္ခ်က္မႈစြမ္းအင္မ်ားစြာ လုိအပ္ပါတယ္။ အဲဒီ virtual စၾကဝဠာတစ္ခုစီမွာ မတူညီတဲ့ စည္းမ်ဥ္းေတြရွိၿပီး တကယ့္အခ်က္အလက္ေတြအတိုင္း ျပန္လည္ဖန္တီးပါတယ္။ စၾကဝဠာ ၈ သန္းခန္႔ကို ဖန္တီးဖို႔ ၃ ပတ္ခန္႔ ၾကာျမင့္တယ္လို႔ သိရပါတယ္။

အခုခ်ဥ္းကပ္မႈက ၾကယ္အစုအေဝးေတြ ဘယ္လို တုိးတက္ေျပာင္းလဲလာတာကို နားလည္႐ုံတင္မကဘဲ လက္ရွိေပၚထြက္ေနတဲ့ သီအိုရီကုိလည္း စိန္ေခၚႏိုင္မွာ ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြက လက္ရွိအသိပညာ ဗဟုသုတေတြကုိ ဖယ္ထုတ္မွာေတာ့ မဟုတ္ပါဘူး။ ဒါေပမ့ဲ အခ်က္အလက္ကြာဟမႈ ရွိႏိုင္ၿပီး တြက္ခ်က္မႈစြမ္းေဆာင္ရည္ တိုးတက္လာတာနဲ႔ မႈန္ဝါးဝါး အေသးစိတ္ အခ်က္အလက္ကုိ သိလာႏိုင္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

အရီဇီုးနားပြည်နယ်က သုတေသီတွေက ကျောင်းရဲ့ Ocelote ဖြစ်တဲ့ စူပါကွန်ပျူတာကို အသုံးပြုပြီး တကယ့် စကြဝဠာတစ်ခုလုံးကို မြင်တွေ့နိုင်ဖို့ စကြဝဠာအသေးစား သန်းပေါင်းများစွာ ထုတ်လုပ်ခဲ့ပါတယ်။ စကြဝဠာတစ်ခုလုံးရဲ့ကွဲပြားချက်ကို ပုံဖော်ဖို့ထက် လေ့လာထားတဲ့ အာကာသရဲ့ စူပါနိုဗာကနေ အရွယ်ကြီးမားတဲ့အရာထိ အတိုင်းအတာပမာဏကို ဖော်ပြနိုင်တဲ့ စနစ်ကို အဖွဲ့ကဖန်တီးခဲ့ပါတယ်။ ကွန်ပျူတာနဲ့ စီစဉ်ထားတဲ့ နဂါးငွေ့တန်းတစ်ခုကို အပြည့်အဝ ဖန်တီးမယ်ဆိုရင် တွက်ချက်မှုစွမ်းအင်များစွာ လိုအပ်ပါတယ်။ အဲဒီ virtual စကြဝဠာတစ်ခုစီမှာ မတူညီတဲ့ စည်းမျဉ်းတွေရှိပြီး တကယ့်အချက်အလက်တွေအတိုင်း ပြန်လည်ဖန်တီးပါတယ်။ စကြဝဠာ ၈ သန်းခန့်ကို ဖန်တီးဖို့ ၃ ပတ်ခန့် ကြာမြင့်တယ်လို့ သိရပါတယ်။

အခုချဉ်းကပ်မှုက ကြယ်အစုအဝေးတွေ ဘယ်လို တိုးတက်ပြောင်းလဲလာတာကို နားလည်ရုံတင်မကဘဲ လက်ရှိပေါ်ထွက်နေတဲ့ သီအိုရီကိုလည်း စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက လက်ရှိအသိပညာ ဗဟုသုတတွေကို ဖယ်ထုတ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချက်အလက်ကွာဟမှု ရှိနိုင်ပြီး တွက်ချက်မှုစွမ်းဆောင်ရည် တိုးတက်လာတာနဲ့ မှုန်ဝါးဝါး အသေးစိတ် အချက်အလက်ကို သိလာနိုင်ပါတယ်။

Ref: Engadget