စွမ်းအားပြင်း 600MP sensor ကိုထုတ်လုပ်ဖို့ Samsung ရည်မှန်း

Samsung ဟာ ကင်မရာ sensor တိုးတက်မှုနဲ့ ထုတ်လုပ်ရေးကဏ္ဍမှာ အဓိကကျတဲ့ ကုမ္ပဏီဖြစ်သလို လူသုံးကုန် စမတ်ဖုန်းအတွက် 64MP နဲ့ 108MP sensor တွေပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။

အခုဆိုရင် Samsung ဟာ အနာဂတ်မှာ 600MP sensor ကိုထုတ်လုပ်ဖို့အထိ ရည်မှန်းထားတယ်လို့ ကုမ္ပဏီ Sensor လုပ်ငန်းအဖွဲ့ခေါင်းဆောင် ယွန်ဂျီပါ့ခ်က ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ 600MP sensor ဟာ လူသား မျက်စိထက် ပိုမိုအသေးစိတ် တိကျမယ်လို့ သိရပါတယ်။

ယွန်ဂျီပါ့ခ်ရဲ့ ဖော်ပြချက်အရ လူသားမျက်လုံးတွေက 500MP နီးပါးလောက်ပဲ ပုံဖော်နိုင်တာ ဖြစ်ပါတယ်။ သူ့အဖွဲ့ ရည်မှန်းချက်က လူသားမျက်လုံးထက် သာလွန်တဲ့ sensor ကိုဖန်တီးမှာ ဖြစ်ပါတယ်။

Samsung Galaxy S20 Ultra မှာပါဝင်တဲ့ ISOCELL Bright HM1 sensor နဲ့ Xiaomi Mi Note 10 က ISOCELL Bright HMX တို့က 108MP ဓာတ်ပုံတွေ ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ 12MP နဲ့ 27MP mode တွေကို ပေါင်းစပ်ပြီး ထုတ်ပေးတာ ဖြစ်ပါတယ်။

ယွန်ဂျီပါ့ခ်က 600MP စီမံကိန်းကို ဘယ်အချိန်မှာ အပြီးသတ်ထုတ်လုပ်မလဲဆိုတာ မဖော်ပြထားပါဘူး။

စိုးထက်
Ref: GSMArena