စွမ်းဆောင်ရည်မြင့်ပြီး ၂၄ နာရီအထိ သုံးစွဲနိုင်တဲ့ Lenovo Yoga 5G

ပြီးခဲ့တဲ့မေလက Lenovo ဟာ 5G laptop ထုတ်လုပ်မယ့် Project Limitless အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အခုဆိုရင် အဲဒီ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ပြီး Qualcomm Snapdragon 8cx 5G Compute Platform ထောက်ပံ့ထားတဲ့ ပထမဆုံးကွန်ပျူတာ Yoga 5G ကို Lenovo ကမိတ်ဆက်ခဲ့ပါတယ်။

Lenovo Yoga 5G ကို ဒေါ်လာ ၁,၄၉၉ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ Yoga 5G ရဲ့ ဘက်ထရီသက်တမ်းကတော့ ၂၄ နာရီ အသုံးပြုနိုင်ပြီး အလေးချိန် ၂.၉ ပေါင်နဲ့ အလင်းအားကောင်းတဲ့ 400-nit display ပါဝင်ကာ မျက်နှာပြင်အရွယ်အစား ၁၄ လက်မ ရှိပါတယ်။

Lenovo အနေနဲ့ Yoga Slim 7 laptop တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ မျက်နှာပြင်အရွယ်အစား ၁၄ လက်မနဲ့ ၁၅ လက်မ ၂ မျိုး ထုတ်လုပ်ထားပြီး ၁၄ လက်မ Yoga S940 နဲ့ဆင်ပါတယ်။ အခု laptop မှာလည်း facial recognition ပါဝင်တဲ့ IR ကင်မရာနဲ့အတူ အခြား sensor တွေနဲ့ AI software အသုံးပြုထားတဲ့ Mirametrix ရဲ့ Glance တို့ပါဝင်လာပါတယ်။ အဲဒီ software အသုံးပြုတဲ့အခါ laptop ရဲ့ display ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့ external display ကြည့်နေသလားဆိုတာကို ခြေရာခံပေးပြီး windows ကိုဖွင့်ပေးပါတယ်။

မျက်နှာပြင် ၁၄ လက်မအရွယ် Yoga Slim 7 ရဲ့ AMD Ryzen 4000 စီးရီးပရိုဆက်ဆာနဲ့ Radeon graphics ဒါမှမဟုတ် ဒဿမမြောက်မျိုးဆက် Intel Core i7 နဲ့အတူ Intel Iris Plus graphics ဒါမှမဟုတ် Nvidia GeFroce MX graphics ဗားရှင်းတွေကို ဝယ်ယူနိုင်ပါတယ်။ AMD မော်ဒယ်တွေကတော့ ဒေါ်လာ ၈၅၀ ကျသင့်မှာ ဖြစ်ပါတယ်။ အခြေခံ Intel ဗားရှင်းကတော့ ဒေါ်လာ ၁,၂၁၀ ကျသင့်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် ၁၅ လက်မ Intel ဗားရှင်းကတော့ ဒေါ်လာ ၁,၂၁၀ နဲ့ စတင်မှာဖြစ်ပြီး Nvidia GeForce GTX graphics လည်း ပါဝင်လာပါမယ်။ ဗားရှင်းအားလုံးကို ဧပြီလအတွင်း ရောင်းချပေးဖွယ်ရှိပါတယ်။

စိုးထက်
Ref: CNET