စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အလယ်အလတ်တန်းစား Sony Xperia 8 ကိုမိတ်ဆက်

Sony ဟာ ဂျပန်နိုင်ငံမှာ အလယ်အလတ်တန်းစား Xperia 8 ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Xperia 8 မှာ 21:9 display နဲ့ မျက်နှာပြင် ၆ လက်မ ပါဝင်ပြီး Xperia 10 နဲ့ဆင်တူပါတယ်။ အဲဒီထုတ်ကုန်မှာ Gorilla Glass 6 ကို ရှေ့ဘက်နဲ့ နောက်မှာပါ အသုံးပြုထားပါတယ်။ Xperia 8 ရဲ့ကျောဘက်မှာ 12MP F/1.8 အဓိက ကင်မရာနဲ့ 8MP F/2.4 ultrawide angle ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။

ရှေ့ဘက်မှာတော့ ၆ လက်မ FHD+ 21:9 display နဲ့ 8MP F/2.0 selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ အခြား Xperia ထုတ်ကုန်တွေနဲ့ မတူတာက Xperia 8 မှာ LCD အသုံးပြုထားပါတယ်။ ဖုန်းရဲ့ညာဘက်ထောင့်မှာ ပါဝါနဲ့ fingerprint scanner နဲ့ Xperia 1 နဲ့ 5 မှာပါဝင်လာတဲ့ Side Sense touch sensor တွေကို အသုံးပြုထားပါတယ်။ အလေးချိန်က ၁၇၀ ဂရမ်ပဲရှိပါတယ်။ Xperia 8 မှာ Snapdragon 630 chipset ကို RAM 4GB နဲ့ storage 64GB နဲ့တွဲဖက်ထားပြီး microSD ကတ်ပေါက် ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 2,760 mAh ဖြစ်ပြီး အားသွင်းမြန်ဆန်တဲ့စနစ် 18W ပါဝင်လာပါတယ်။ ဖုန်းရဲ့ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်က IP65/68 အဆင့်သတ်မှတ် ချက်ရှိပါတယ်။ အခြား feature တွေကတော့ 3.5mm နားကြပ်ပေါက်နဲ့ အရည်အသွေးမြင့် အသံပိုင်းဆိုင်ရာအတွက် LDAC, NFC နဲ့ LED သတိပေးချက်အလင်းတို့ ပါဝင်လာပါတယ်။

Xperia 8 ကိုဂျပန်မှာပဲ သီးသန့်ရောင်းချမှာဖြစ်ပြီး အောက်တိုဘာလနှောင်းပိုင်းမှာ ၅၀၅ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်းကို အဖြူ၊ အနက်၊ လိမ္မော်နဲ့ အပြာဆိုပြီး ထုတ်လုပ်ထားပါတယ်။

စိုးထက်
Ref: GSMArena