စြမ္းေဆာင္ရည္အျမင့္ဆံုး Yoga 2-in-1 ကို IFA 2018 မွာ မိတ္ဆက္ရန္ Lenovo စီစဥ္ေန

[Zawgyi]

၂၀၁၈ ဒုတိယႏွစ္ဝက္ရဲ႕ စိတ္ဝင္စားဖြယ္ရာအေကာင္းဆံုး နည္းပညာကုန္စည္ျပပြဲ ျဖစ္လာမယ့္ IFA 2018 မွာ Lenovo က ထုတ္ကုန္သစ္အခ်ိဳ႕ကို ပါဝင္ျပသသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီထုတ္ကုန္သစ္ေတြထဲမွာ Yoga စီးရီးထဲက စြမ္းေဆာင္ရည္အျမင့္ဆံုး convertible ျဖစ္တဲ့ Yoga C930 ပါဝင္လာမယ္လို႔ WinFuture.de ရဲ႕ နာမည္ေက်ာ္ leakster ျဖစ္သူ Roland Quandt က ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီ ေမာ္ဒယ္သစ္ဟာ IFA 2017 မွာ ပြဲထုတ္ျပသခဲ့တဲ့ Yoga 920 ကို ေနရာဆက္ခံမွာျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရ အဆိုပါ 2-in-1 ထုတ္ကုန္သစ္ဟာ အလြန္ေပါ့ပါးၿပီး အေလးခ်ိန္ ၁.၃၈ ကီလိုဂရမ္သာရိွတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ က်ယ္ဝန္းတဲ့ ၁၃.၉ လက္မ display နဲ႔ touchscreen အေထာက္အပံ့ပါဝင္ၿပီး 4K resolution (3840 x 2160 pixels) နဲ႔အသံုးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ခိုင္ခံ့ၿပီး တီထြင္ဆန္းသစ္တဲ့ ပတၱာေၾကာင့္ Lenovo C930 ကို notebook တစ္လံုးကေန tablet တစ္လံုးအျဖစ္ ေျပာင္းလဲအသံုးျပဳႏိုင္ပါတယ္။ Display မွာ Lenovo Active Pen အေထာက္အပံ့ ပါဝင္တဲ့အတြက္ စာေရးတာနဲ႔ ပံုဆြဲတာေတြကို ျပဳလုပ္ႏိုင္ပါတယ္။ Processor က Intel 8th gen ျဖစ္ၿပီး Intel Core i5 8250U နဲ႔ ေစ်းပိုႀကီးတဲ့ Intel Core i7 8550U စတဲ့ configuration ေတြနဲ႔ ရရိွႏိုင္ပါတယ္။

အဆိုပါ CPU ေတြနဲ႔အတူ 8GB ဒါမွမဟုတ္ 16GB RAM နဲ႔ 25GB ဒါမွမဟုတ္ 512GB SSD configuration ေတြနဲ႔လည္း ရရိွႏိုင္ပါတယ္။

ဒီ notebook မွာ USB-A port တစ္ခု၊ USB 3.1 port တစ္ခုနဲ႔ USB-C port with Thunderbolt 3 ႏွစ္ခုအျပင္ 3.5mm နားၾကပ္ေပါက္တစ္ခုနဲ႔ dual band Wi-Fi တို႔ ပါဝင္လာဖြယ္ရိွပါတယ္။

Lenovo Yoga C930 ရဲ႕ ဘက္ထရီက အရင္ေမာ္ဒယ္ထက္ ပိုမိုေကာင္းမြန္ၿပီး 70Wh ျဖစ္တယ္လို႔ ဆိုပါတယ္။ တန္ဖိုးကေတာ့ ယူ႐ို ၁၆၀၀ နဲ႔စတင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Ref: GizmoChina

[Unicode]

၂၀၁၈ ဒုတိယနှစ်ဝက်ရဲ့ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး နည်းပညာကုန်စည်ပြပွဲ ဖြစ်လာမယ့် IFA 2018 မှာ Lenovo က ထုတ်ကုန်သစ်အချို့ကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီထုတ်ကုန်သစ်တွေထဲမှာ Yoga စီးရီးထဲက စွမ်းဆောင်ရည်အမြင့်ဆုံး convertible ဖြစ်တဲ့ Yoga C930 ပါဝင်လာမယ်လို့ WinFuture.de ရဲ့ နာမည်ကျော် leakster ဖြစ်သူ Roland Quandt က ပြောကြားခဲ့ပါတယ်။

အဲ့ဒီ မော်ဒယ်သစ်ဟာ IFA 2017 မှာ ပွဲထုတ်ပြသခဲ့တဲ့ Yoga 920 ကို နေရာဆက်ခံမှာဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရ အဆိုပါ 2-in-1 ထုတ်ကုန်သစ်ဟာ အလွန်ပေါ့ပါးပြီး အလေးချိန် ၁.၃၈ ကီလိုဂရမ်သာရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျယ်ဝန်းတဲ့ ၁၃.၉ လက်မ display နဲ့ touchscreen အထောက်အပံ့ပါဝင်ပြီး 4K resolution (3840 x 2160 pixels) နဲ့အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ခိုင်ခံ့ပြီး တီထွင်ဆန်းသစ်တဲ့ ပတ္တာကြောင့် Lenovo C930 ကို notebook တစ်လုံးကနေ tablet တစ်လုံးအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Display မှာ Lenovo Active Pen အထောက်အပံ့ ပါဝင်တဲ့အတွက် စာရေးတာနဲ့ ပုံဆွဲတာတွေကို ပြုလုပ်နိုင်ပါတယ်။ Processor က Intel 8th gen ဖြစ်ပြီး Intel Core i5 8250U နဲ့ စျေးပိုကြီးတဲ့ Intel Core i7 8550U စတဲ့ configuration တွေနဲ့ ရရှိနိုင်ပါတယ်။

အဆိုပါ CPU တွေနဲ့အတူ 8GB ဒါမှမဟုတ် 16GB RAM နဲ့ 25GB ဒါမှမဟုတ် 512GB SSD configuration တွေနဲ့လည်း ရရှိနိုင်ပါတယ်။

ဒီ notebook မှာ USB-A port တစ်ခု၊ USB 3.1 port တစ်ခုနဲ့ USB-C port with Thunderbolt 3 နှစ်ခုအပြင် 3.5mm နားကြပ်ပေါက်တစ်ခုနဲ့ dual band Wi-Fi တို့ ပါဝင်လာဖွယ်ရှိပါတယ်။

Lenovo Yoga C930 ရဲ့ ဘက်ထရီက အရင်မော်ဒယ်ထက် ပိုမိုကောင်းမွန်ပြီး 70Wh ဖြစ်တယ်လို့ ဆိုပါတယ်။ တန်ဖိုးကတော့ ယူရို ၁၆၀၀ နဲ့စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: GizmoChina