စူပါမားကတ်နှင့် Mini Mart များတွင်အသုံးပြုနိုင်မည့် Temperature Solution ကို မြန်မာပြည်စျေးကွက်သို့ မိတ်ဆက်

Vortech Myanmar မှ မြန်မာနိုင်ငံရှိ အအေးခန်း အပူချိန်ကို စောင့်ကြည့်ရန် လိုအပ်သော လုပ်ငန်းများအတွက် သင့်တော်တဲ့ LoRa Technology သုံး KIWI Temperature Solution တွေကို မြန်မာပြည်စျေးကွက်ကို မိတ်ဆက်တင်သွင်းလိုက်တယ်လို့ သိရပါတယ်။

ယခုနှစ်အတွင်း Convenience Stores တွေနဲ့ Supermarkets တွေ ဖွင့်လှစ်မှု များလာကြောင်း၊ ပြိုင်ဆိုင်မှု များလာတာနဲ့အမျှ မိမိတို့ ရောင်းချသော ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းကို စောင့်ကြည့်မှုသည်လည်း အရေး ပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာကြောင်း၊ Supermarkets, Conveniecnce Stores, Mini Mart တွေမှာ KIWI Solution ရဲ့ LoRa Technology ကို အသုံးပြုပါက Power စားသုံးမှု သက်သာခြင်း၊ တပ်ဆင်ရလွယ်ကူခြင်း၊ ပိုမို ကျယ်ပြန့်သော ဧရိယာအတွင်းရှိ Sensor များကိုလည်း ထိန်းချုပ်နိုင်ခြင်းတို့ကြောင့် အသုံးပြုရ အဆင်ပြေစေမှာ ဖြစ်ကြောင်း သိရပါတယ်။

“အအေးခန်း အပူချိန် ပြောင်းလဲမှုကြောင့် အစားအစာများ၊ အသားငါးများ ပျက်စီးဆုံးရှုံး နစ်နာမှုများကို လျှော့ချပေးနိုင်ပါတယ်။ စူပါမားကတ်တွေ၊ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေရှိ ကုန်စည်တွေရဲ့ အပူချိန်နဲ့ စိုထိုင်းစတွေကို တိကျမှန်ကန်စွာ တိုင်းတာနိုင်ပြီး Data ကို Excel နဲ့ ထုတ်ပေးနိုင်သောကြောင့် အလေအလွင့် ဖြစ်နိုင်မှုကို လျှော့ချနိုင်ပြီး HACCP, FDA ကဲ့သို့သော အစားအသောက်ဆိုင်ရာ လုံခြုံမှု စစ်ဆေးရေး ပြုလုပ်ရာတွင်လည်း အထောက်အပံ့ ပေးနိုင်ကြောင်း” Vortech Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းသုံး အအေးခန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းများအတွက်လည်း အထောက်အပံ့ ပေးနိုင်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ စမတ်ဖုန်းများ သို့မဟုတ် ကွန်ပျူတာများကို အသုံးပြု၍ စက်ပစ္စည်းတွေရဲ့ အပူချိန်နဲ့ စိုထိုင်းစကို စောင့်ကြည့်နိုင်ကြောင်း ပုံမှန်မဟုတ်သော ဖြစ်ရပ်များတွင် သတိပေးချက်များ ရနိုင်ကြောင်း၊ အပူချိန် သို့မဟုတ် စိုထိုင်းစ အချက်အလက်များကို အပတ်စဉ် သို့မဟုတ် လစဉ် အစီရင်ခံစာများ လက်ခံရရှိပြီး Record တွေကိုလည်း သိမ်းထားနိုင်ကြောင်း၊ ဒေတာများကို cloud service တွင် သိုလှောင်ပေးထားခြင်း ဖြစ်သောကြောင့် အချိန်တိုင်း နေရာတိုင်းမှလည်း အပူချိန်နှင့် စိုထိုင်းစ အချက်အလက်များကို ရယူနိုင်ကြောင်းသိရပါတယ်။
“Supermarket တွေ Convenience Store တွေ Grocery Stores နဲ့ Restaurants တွေမှာဆိုရင် အအေးခန်းရဲ့ အပူချိန်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အအေးခန်းက ကောင်းမွန်စွာ အလုပ်မလုပ်တော့တဲ့အခါ အသားငါးတွေဟာ တိုက်ရိုက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့လို မဖြစ်ရအောင် အအေးခန်း ၊ Refrigerator တစ်ခုချင်းစီအလိုက် Monitoring Functionality ပါတာကို ရွေးချယ်မယ် ဆိုရင်လည်း စျေးနှုန်းပိုင်းမှာ အဆမတန် ပေးရနိုင်သလို ပျက်လို့ ပြင်မယ်ဆိုရင်လည်း အချိန်ပေးရနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာ တပ်ဆင်အသုံးပြုနေတဲ့ အအေးခန်း ရေခဲသေတ္တာ တော်တော်များများမှာတော့ Monitoring Function ပါဝင်မှု မတွေ့ရသလောက်ပါပဲ” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေကို https://www.vortechcomms.com နဲ့ https://www.facebook.com/VortechMM/ Facebook Page တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Kiwi Technology company အနေနဲ့ စီးပွားရေးလုပ်ငန်းများ အတွက် End-to-end (M2M) နည်းပညာများ၊ ဘက်စုံသုံး Cloud Service နှင့် Solution များကို ထုတ်လုပ်ဖြန့်ချိပေးလျက် ရှိပြီး Customer များအတွက် အသုံးပြု ရလွယ်ကူပြီး လုပ်ငန်းအတွက် အ ကျိုးပြုမှုများသော Solution များကို ထုတ်လုပ်ပြီး AIOT နည်း ပညာလောကတွင် ထိပ်ဆုံးမှ ထောက်ပံ့ပေးနိုင်ရန် ကြိုးစားလျက် ရှိပါတယ်။ Kiwi Technology company နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို https://www.kiwi-tec.com မှာလေ့လာနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««