စုံတွဲအချင်းချင်း သီးသန့်စကားပြောနိုင်မယ့် Tuned ကိုဖြန့်ချိ

Facebook ဟာစုံတွဲတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ app တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ app ကို Facebook အတွင်းက ထုတ်ကုန်သစ်စမ်းသပ်ရေးအဖွဲ့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Tuned အမည်ရ app က စုံတွဲအချင်းချင်းအကြား ပိုမိုရင်းနှီးတဲ့ လူမှုကွန်ရက်ကို ဖန်တီးဖို့ အားပေးတာ ဖြစ်ပါတယ်။ Tuned ကို iOS အတွက်ပဲ ဖြန့်ချိထားပါသေးတယ်။ Tuned မှာ စိတ်ခံစားမှုတွေ၊ သီချင်းတွေ အပြန်အလှန်ပို့နိုင်သလို ဒီဂျစ်တယ် scrapbook တစ်ခုကို ဖန်တီးနိုင်ပါတယ်။ စုံတွဲအကြား ချိတ်ဆက်ဖို့ သီးသန့်နေရာတစ်ခုကို ဖန်တီးနိုင်ပါတယ်။

Tuned ဟာသီချင်းတွေ ဝေမျှဖို့ Spotify နဲ့ချိတ်ဆက်ထားပြီး စုံတွဲတွေက ဓာတ်ပုံတွေ၊ မှတ်စုတွေ၊ ကတ်တွေနဲ့ အသံဖိုင်တွေကို အပြန်အလှန်ပို့နိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ စတစ်ကာတွေနဲ့ reaction တွေပါဝင်လာပါတယ်။ Facebook account မလိုဘဲ အခမဲ့အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူတွေအတွက် Facebook ရဲ့အချက်အလက်စည်းမျဉ်းပဲ အသုံးပြုထားတာကြောင့် ကြော်ငြာအတွက် တစ်ကိုယ်ရေအချက်အလက်ကို အသုံးပြုသွားပါမှာ။

စိုးထက်
Ref: TheVerge