စုံစုံလင်လင် Mini ပက်ကေ့ချ်ကို MPT မိတ်ဆက်

သုံးစွဲသူများ အဆင်ပြေစေရန်အတွက် စျေးနှုန်းသက်သာတဲ့ အထူးပုံစံသစ် တစ်ခုအဖြစ် စုံစုံလင်လင် Mini ပက်ကေ့ချ် ကို MPT က ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ စုံစုံလင်လင် Mini ပက်ကေ့ချ်နဲ့ Viber , JOOX နဲ့ Mobile Legends ဒေတာ‌တွေကို အကန့်အသတ်မရှိ စိတ်ကြိုက် တစ်နေကုန် အသုံးပြုနိုင်သည့် အပြင် ညသုံး Facebook ကို ည ၁၁ နာရီမှ နံနက် ၆ နာရီ အထိ အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်း၊ အခြားသော အင်တာနက်အသုံးပြုမှု အားလုံးအတွက် 200 MB ဒေတာ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထားဖြစ်သည့် ၁ မိနစ်လျှင် ၁၀ ကျပ်ဖြင့် ခေါ်ဆိုခွင့်နှင့် ဖုန်းဘီလ် ၁၀၀ ကျပ် တို့ကို ရရှိအသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်မှာ ၂၄၉၈ ကျပ် (တစ်ရက်လျှင် ၈၃ ကျပ်) သာ ကျသင့်ပြီး အထက်ပါ ခံစားခွင့်များ အားလုံးကို ရရှိနိုင်သည့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်တဲ့ ပက်ကေ့ချ် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စုံစုံလင်လင် Mini ပက်ကေ့ချ် ဝယ်ယူတိုင်း ထိပေါက်ကစားခွင့် (၁) ကြိမ် ရရှိကံစမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အထူးပရိုမိုးရှင်းအစီအစဉ်ကို MPT GSM/WCDMA Prepaid (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) သုံးစွဲသူများအားလုံး ရရှိမှာဖြစ်သော်လည်း MPT Postpaid တွေဖြစ်တဲ့ CDMA နဲ့ Base Tariff အသုံးပြုသူတွေအနေနဲ့ ဝယ်ယူနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဝန်ဆောင်မှု အသေးစိတ်ကို ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page www.facebook.com/mptofficialpage/ သို့မဟုတ် MPT official website www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««