စုံစုံလင်လင် Maxi Pack ကို မိတ်ဆက်

ခံစားခွင့်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုစုံလင်တဲ့ စုံစုံလင်လင် Maxi Pack ကို MPT မှ သုံးစွဲသူတွေအတွက် ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

Maxi Pack ဝယ်ယူသူတွေအနေနဲ့ Facebook အက်ပလီကေးရှင်း/ ဝက်ဘ်ဆိုက် မှတစ်ဆင့် Facebook (ပြင်ပ link များမပါဝင်ပါ)၊ Facebook Messenger (Voice, Video calls များမပါဝင်) ကို အချိန်နှင့် ဒေတာ အကန့်အသတ်မရှိ စိတ်ကြိုက် အသုံးပြုနိုင်ခြင်း၊ Instagram ကိုလည်း အချိန်အကန့်အသတ် မရှိ အပူအပင်ကင်းစွာ သုံးနိုင်ခြင်း၊ Viber (Voice, Video calls များမပါဝင်) မှ ဆက်သွယ် ပြောဆိုခြင်း၊ အကန့်အသတ်မရှိ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက် မဟုတ်သည့် အခြား အသုံးပြုမှုများ မပါဝင်ပါ) ဂိမ်းကစားနိုင်ခြင်းနဲ့ JOOX တေးဂီတမှ နောက်ဆုံးပေါ် သီချင်းတွေကို နားဆင်နိုင်မှာဖြစ်သလို ကြိုက်နှစ်သက်ရာ သုံးနိုင်တဲ့ ဖုန်းဘီလ် ၁,၀၀၀ ကျပ်ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Facebook မှတစ်ဆင့် ပြင်ပလင့်ခ်များသို့ ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်းနဲ့ ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနဲ့ Mobile Legends ဂိမ်းကစားခြင်း အတွက် မဟုတ်တဲ့ အခြား အသုံးပြုမှုများအတွက် ဝယ်ယူထားတဲ့ Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားနဲ့ ကောက်ခံသွားမယ်လို့ သိရပါတယ်။ Maxi Pack မှာပါဝင်တဲ့ အပိုဆုလက်ဆောင် 7GB ဒေတာကို အခြား အင်တာနက်အသုံးပြုမှု အားလုံးအတွက် (YouTube, Browser, Facebook, Gaming အစရှိသည်) အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားတဲ့ GSM/WCDMA prepaid စနစ် အသုံးပြုနေသူတွေ အနေနဲ့ Maxi Pack ကို ဝယ်ယူ အသုံးပြုနိုင်မှာဖြစ်ပြီး MPT4U (သို့) *9498# (သို့) ၁၀၆ သို့ ခေါ်ဆိုဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စုံစုံလင်လင် Maxi Pack ကို ၉၄၉၈ ကျပ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး နှစ်သစ်ကူးအခါသမယတွင် ချစ်ခင်သူများအား လက်ဆောင်ပေးလိုသူတွေ အနေနဲ့လည်း အခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *9498# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမယ့် ဖုန်းနံပါတ်ကို ရိုက်နှိပ် လက်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုကို ပိုမို သိရှိလိုပါက ၁၀၆ သို့ ဆက်သွယ်ခေါ်ဆို မေးမြန်းနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««