စုံစုံလင်လင် ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

အမျိုးမျိုးသော လိုအပ်ချက်တွေကို တစ်ခုချင်းစီ ဝယ်ယူရန်မလိုဘဲ တစ်နေရာတည်းမှာ လိုအပ်ချက်များကို ပြည့်စုံစွာရရှိမယ့် စွယ်စုံရ အစုံသုံး အတန်ဆုံး “စုံစုံလင်လင်” ပက်ကေ့ချ်ကို အသက်သာဆုံးနှုန်းထားနဲ့ ဝယ်ယူနိုင်မယ်လို့ ဆက်သွယ်ရေးအော်ပရေတာ MPT မှသိရပါတယ်။

အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Mobile Legends နဲ့ JOOX ဒေတာတွေကို အကန့်အသတ်မရှိ စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် အခြားအင်တာနက် အသုံးပြုမှုများ အားလုံးအတွက် ဒေတာ 2GB, MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထား ဖြစ်တဲ့ ၁ မိနစ် ၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုခွင့်အပြင် ဖုန်းဘီလ် ၁,၀၀၀ ကျပ် ပါရှိပြီး ရက်ပေါင်း (၃၀) အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ် သုံးစွဲသူတွေအနေနဲ့ ပုံမှန်ခံစားခွင့်များအတွက် ကျသင့်မယ့်တန်ဖိုး ၉,၉၉၆ ကျပ်အစား ထက်ဝက်တန်ဖိုး (၅၀% လျှော့စျေး) ၄,၉၉၈ ကျပ်နဲ့ ရက်ပေါင်း ၃၀ အသုံးပြုနိုင်မယ့် အကျိုးခံစားခွင့်ကို ရရှိမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုများအကြောင်း အသေးစိတ်ကိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««