စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ E-Commerce Virtual Conference ပြုလုပ်မည်

E-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဥ်များကို ညှိနှိုင်းရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ဦးစီးကာ E-Commerce Virtual Conference ကို မေ ၂၈ ရက် မှာ ကျင်းပသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး အပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို လျော့ပါးသက်သာစေရေးနဲ့ ခိုင်မာတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်တိုအတွင်းရရှိနိုင်ရေး နိုင်ငံတော် အစိုးရက ဆောင်ရွက်နေစဥ် ကာလအတွင်း ဆန်းသစ်ထုတ်ကုန်များ ကို တိုးမြှင့် မိတ်ဆက်နိုင်ရန် ရည်ရွယ်ကာ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဥ် (CERP) ပါ ဆောင်ရွက်ရမယ့် စီမံချက်များအရ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ အစိုးရ-ပုဂ္ဂလိက ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြမှာ ဖြစ်ပြီး အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၊ ဆက်စပ်အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပါဝင်တက်ရောက်နိုင်ရေး အတွက် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

-သန္တာ

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .