စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက် မိတ်ဆက်

International Trade Center ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြုပြင်မွမ်းမံထားတဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ www.myantrade.gov.mm မိတ်ဆက်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက် နေ့လယ် ၃ နာရီက အွန်လိုင်းစနစ်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဝက်ဘ်ဆိုက်မိတ်ဆက်ပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချူပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်မှ ဒုတိယဥက္ကဋ္ဌ ဦးမျိူးမြင့်ထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင်နဲ့ သက်ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««