စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဗီဒီယို ၅၀ ကို MESI Youtube Channel တွင် အခမဲ့ကြည့်ရှုနိုင်မည်

Certificate မှ Diploma အထိ စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဗီဒီယို ၅၀ ကို MESI Youtube Channel တွင် အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
MESI University College မှ COVID-19 ကာလအတွင်း MESI မှ CSR အခမဲ့ပညာရေးအစီအစဉ်အဖြစ် မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၅၀ အထိ အခမဲ့သင်ကြားနိုင်မှာဖြစ်ပါတယ်။ Certificate Level မှ Diploma Level အဆင့်အထိ စီးပွားရေးပညာမှာ နာမည်ကြီးဘာသာရပ် Video ဟောပြောချက် အပိုင်း ၅၀ ကျော် တွင် Business Management Strategy (စီးပွားရေးစီမံခန့်ခွဲမှု မဟာဗျူဟာ) ကို ဆရာမကြီး ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်လှမြင့် ၏ဟောပြောချက် (Part 1, 2, 3, 4)၊ Business & Entrepreneurship (စီးပွားရေးနှင့် စွန့်ဦးတီထွင်မှု) ကို ဆရာကြီး ပရော်ဖက်ဆာ ဦးသန်းအေး ၏ ဟောပြောချက် (Part 1, 2, 3)၊ Financial Management (ငွေကြေးနှင့် ရင်းနှီးမြုပ်နှံမှု စီမံခန့်ခွဲမှု) ကို ဆရာကြီး ဒေါက်တာလှညွန့် ၏ ဟောပြောချက် (Part 1, 2, 3, 4)၊ Sale & Marketing Management (အရောင်းနှင့် စျေးကွက်စီမံခန့်ခွဲမှု) ကို ဆရာ ဦးဇင်ဖြိုးပိုင် (MESI) ၏ ဟောပြောချက် (Part 1, 2, 3, 4)၊ HR & People Management (လူသားအရင်းအနှီး စီမံခန့်ခွဲမှု) ကို ဆရာမ ဒေါ်သက်သက်မာ ၏ ဟောပြောချက် (Part 1, 2, 3)၊ International Trading (နိုင်ငံတကာ ကုန်သွယ်ရေး) ကို ဆရာ ဦးသိန်းမြင့်ဝေ (TTI) ၏ ဟောပြောချက် (Part 1, 2)၊ Supply Chain Management (လုပ်ငန်းချိတ်ဆက်စီမံခန့်ခွဲ) ကို ဆရာ ဦးဟိန်းမင်းဌေး ၏ ဟောပြောချက် (Part 1, 2, 3)၊
Customer Relationship Management (ဖောက်သည်ချိတ်ဆက်စီမံခန့်ခွဲမှု) ဆရာမ ဒေါ်နွဲ့မူယာဝင်း ၏ ဟောပြောချက် (Part 1, 2, 3)၊ Management & Leadership (စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှု) ကို ဆရာ ဦးဇင်ဖြိုးပိုင် (MESI) ၏ ဟောပြောချက် (Part 1, 2, 3, 4)၊ General Business English (အထွေထွေ စီးပွားရေးအင်္ဂလိပ်စာ) ကို ဆရာ Mr David and Mr. Jack တို့၏ ဟောပြောချက် (Part 1, 2, 3, 4, 5)၊ Myanmar Business Leader (မြန်မာ့စီးပွားရေးခေါင်းဆောင်မှု ဟောပြောပွဲ) ကို ဆရာ ဦးကျော်ကျော်လှိုင်၊ ဆရာ လင်းသိုက်ညွန့်၊ ဆရာ မာသင်၊ ဆရာ ဇင်ဖြိုးပိုင် (MESI) တို့၏ ဟောပြောချက် (Part 1, 2, 3, 4) တွေပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့မှ လူတိုင်းလူတိုင်း (စီးပွားရေးစီမံခန့်ခွဲမှုပညာ) လေ့လာနိုင်ဖို့ ရည်ရွယ်ကာ (0 % Payment ငွေကြေး ပေးစရာမလိုပဲ) (100 % FREE / Tuition Fee အခမဲ့) ဖြင့် လေ့ကျင့်သင်ကြားမှာဖြစ်ပါတယ်။

ဗီဒီယိုများနဲ့ပတ်သက်ပြီး အသေးစိတ်ကို MESI Entrepreneur SMEs Facebook page နဲ့ https://www.facebook.com/events/1586893284807532/ မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။