စီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ ဒီဂ်စ္တယ္ OnGo Payroll Service ထြက္ရွိ

[ Zawgyin ]

စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ ဝန္ထမ္းေတြရဲ႕လစာကုိ ဒီဂ်စ္တယ္စနစ္နဲ႔ ေပးႏိုင္ေအာင္ ျပဳလုပ္ထားတဲ့ OnGo Payroll ဝန္ေဆာင္မႈ မိတ္ဆက္ပြဲကို ဇူလိုင္ ၂၄ ရက္က ဆူးေလ ရွန္ဂရီလာဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။

MOB ဘဏ္နဲ႔ OnGo မွ ပူးေပါင္း ျပဳလုပ္ထားတဲ့ OnGo Payroll ဝန္ေဆာင္မႈမွာ OnGo Desktop Software ပါဝင္မွာျဖစ္ၿပီး လုပ္ငန္းရွင္ေတြအေနနဲ႔ ဝန္ထမ္းေတြရဲ႕လစာအခ်က္အလက္ ေတြကို အေသးစိတ္ ထည့္သြင္းႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ ဝန္ထမ္းေတြအေနနဲ႔ Ongo Mobile Wallet Application ထည့္သြင္းထားဖို႔ လိုမွာျဖစ္ကာ လကုန္ရက္မွာ Payslip ၾကည့္ႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေငြသြင္းေငြထုတ္၊ ဖုန္းေငြျဖည့္သြင္းတာ၊ ေငြလႊဲျခင္းနဲ႔ အြန္လိုင္းက ေနေစ်းဝယ္တာေတြအတြက္ Ongo Mobile Application ကေန ျပဳလုပ္ႏုိင္မွာျဖစ္ေၾကာင္း သိရပါတယ္။

“လုပ္ငန္းရွင္ေတြအေနနဲ႔ ႀကီးမားတဲ့ေငြေၾကးကိုင္တြယ္ရတဲ့ ကိစၥရပ္ေတြမွာ ဒီဂ်စ္တယ္စနစ္နဲ႔ ေျဖရွင္းႏိုင္မွာျဖစ္တဲ့အတြက္ အေထာက္အကူျပဳမွာပါ၊ လက္ရွိ OnGo Payroll Service ကို ကုမၸဏီ သံုးခုမွာစမ္းသပ္ အသံုးျပဳေနၿပီျဖစ္ပါတယ္” လို႔ Ongo ရဲ႕ CEO ျဖစ္သူ Allen Gilstrap ကေျပာၾကားခဲ့ပါတယ္။ ဝန္ေဆာင္မႈအတြက္ လစဥ္ေၾကးအေနနဲ႔ ေဒၚလာ ၁၀၀ က်သင့္မွာျဖစ္ေၾကာင္း၊ လုပ္ငန္းရွင္ေတြအေနနဲ႔ စာရင္းေပးသြင္းတဲ့ ဝန္ထမ္းေတြအားလံုးရဲ႕ Ongo Mobile Wallet နဲ႔ခ်ိတ္ဆက္ထားတဲ့ Ongo/MOB Debit Card ေတြကိုရရွိမွာျဖစ္ေၾကာင္း၊ အဲ့ဒီ Debit Card ကို ဝန္ထမ္းေတြအေနနဲ႔ ျပည္တြင္းအႏွံ႔က MPU အမွတ္တံဆိပ္ပါတဲ့ မည့္သည့္ ATM မွာမဆို ေငြထုတ္ႏိုင္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့လစာကို ဒီဂျစ်တယ်စနစ်နဲ့ ပေးနိုင်အောင် ပြုလုပ်ထားတဲ့ OnGo Payroll ဝန်ဆောင်မှု မိတ်ဆက်ပွဲကို ဇူလိုင် ၂၄ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

MOB ဘဏ်နဲ့ OnGo မှ ပူးပေါင်း ပြုလုပ်ထားတဲ့ OnGo Payroll ဝန်ဆောင်မှုမှာ OnGo Desktop Software ပါဝင်မှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့လစာအချက်အလက် တွေကို အသေးစိတ် ထည့်သွင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဝန်ထမ်းတွေအနေနဲ့ Ongo Mobile Wallet Application ထည့်သွင်းထားဖို့ လိုမှာဖြစ်ကာ လကုန်ရက်မှာ Payslip ကြည့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ငွေသွင်းငွေထုတ်၊ ဖုန်းငွေဖြည့်သွင်းတာ၊ ငွေလွှဲခြင်းနဲ့ အွန်လိုင်းက နေစျေးဝယ်တာတွေအတွက် Ongo Mobile Application ကနေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

“လုပ်ငန်းရှင်တွေအနေနဲ့ ကြီးမားတဲ့ငွေကြေးကိုင်တွယ်ရတဲ့ ကိစ္စရပ်တွေမှာ ဒီဂျစ်တယ်စနစ်နဲ့ ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် အထောက်အကူပြုမှာပါ၊ လက်ရှိ OnGo Payroll Service ကို ကုမ္ပဏီ သုံးခုမှာစမ်းသပ် အသုံးပြုနေပြီဖြစ်ပါတယ်” လို့ Ongo ရဲ့ CEO ဖြစ်သူ Allen Gilstrap ကပြောကြားခဲ့ပါတယ်။ ဝန်ဆောင်မှုအတွက် လစဉ်ကြေးအနေနဲ့ ဒေါ်လာ ၁၀၀ ကျသင့်မှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်တွေအနေနဲ့ စာရင်းပေးသွင်းတဲ့ ဝန်ထမ်းတွေအားလုံးရဲ့ Ongo Mobile Wallet နဲ့ချိတ်ဆက်ထားတဲ့ Ongo/MOB Debit Card တွေကိုရရှိမှာဖြစ်ကြောင်း၊ အဲ့ဒီ Debit Card ကို ဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းအနှံ့က MPU အမှတ်တံဆိပ်ပါတဲ့ မည့်သည့် ATM မှာမဆို ငွေထုတ်နိုင်ကြောင်း သိရပါတယ်။

-အောင်သက်ကို