စီးပြားေရးဥပေဒဆိုင္ရာ အႀကံဉာဏ္ရယူႏိုင္မည့္ မိုဘိုင္း Application ထြက္ရွိ

[ Zawgyi ]

ျပည္တြင္းအေသးစား၊ အလတ္စားနဲ႔ ႏိုင္ငံတကာစီးပြားေရး လုပ္ငန္းေတြအတြက္ စီးပြားေရး ဥပေဒဆိုင္ရာ အႀကံဉာဏ္ ရယူႏိုင္မယ့္ Biz Law Myanmar Mobile Application ကို မိတ္ဆက္ခဲ့ပါတယ္။

အဲဒီမိုဘိုင္း Application မိတ္ဆက္ပြဲကုိ ဇူလိုင္ ၂၁ ရက္ က Rose Garden Hotel မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ျပည္တြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံၾကမယ့္ စီးပြား ေရးလုပ္ငန္းေတြအေနနဲ႔ စီပြားေရးဥပေဒဆိုင္ရာ အႀကံဉာဏ္ေတြျဖစ္တဲ့ ကုမၸဏီတည္ေထာင္ျခင္းကိစၥ ရပ္ေတြ၊ စီးပြားေရးစာခ်ဳပ္ ခ်ဳပ္ဆိုစိစစ္ေရးကိစၥေတြ၊ အသိဉာဏ္ပစၥည္း မူပိုင္ခြင့္ကိစၥရပ္ေတြ၊ အလုပ္သမားေရးရာ ကိစၥရပ္ေတြအတြက္ ေရးသားထားတဲ့ စာခ်ဳပ္ေတြကို Download လုပ္ကာ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

“ဥပေဒနဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔နဲ႔ သိလိုရာေမးျမန္းႏိုင္ဖို႔အတြက္ Instant Chatting, Messaging, VoIP စနစ္သံုး ဆက္သြယ္ေရးနဲ႔ Video Conference စတဲ့ နည္းပညာအေျခခံ ဆက္သြယ္ေရးကေနတစ္ဆင့္ သိလိုရာေမးျမန္းႏိုင္ေအာင္ လုပ္ေပးထားပါတယ္” လို႔ Biz Law Consult Myanmar Co.,Ltd ရဲ႕ CEO and Founder ျဖစ္သူ ဦးမင္းေတဇၫႊန္႔တင္က ေျပာပါတယ္။

အဲဒီမိုဘိုင္း Application မွာ Security ပိုင္းကို အဆင့္ျမႇင့္ထားေၾကာင္း၊ ဝန္ေဆာင္မႈႏႈန္းထား သတ္မွတ္ထားေၾကာင္း၊ အသံုးျပဳသူ အေနနဲ႔ abc Convenience Store နဲ႔ City Express တို႔မွာ ေငြ ျဖည့္ကတ္ေတြကို ဝယ္ယူထည့္သြင္းႏိုင္ေၾကာင္း၊ လက္ရွိမွာ Android အတြက္သာ ထုတ္လုပ္ထားေသာ္လည္း IOS အသံုးျပဳသူေတြအတြက္ မၾကာမီျဖန္ခ်ိသြားမွာျဖစ္ေၾကာင္း ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ပြည်တွင်းအသေးစား၊ အလတ်စားနဲ့ နိုင်ငံတကာစီးပွားရေး လုပ်ငန်းတွေအတွက် စီးပွားရေး ဥပဒေဆိုင်ရာ အကြံဉာဏ် ရယူနိုင်မယ့် Biz Law Myanmar Mobile Application ကို မိတ်ဆက်ခဲ့ပါတယ်။

အဲဒီမိုဘိုင်း Application မိတ်ဆက်ပွဲကို ဇူလိုင် ၂၁ ရက် က Rose Garden Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံကြမယ့် စီးပွား ရေးလုပ်ငန်းတွေအနေနဲ့ စီပွားရေးဥပဒေဆိုင်ရာ အကြံဉာဏ်တွေဖြစ်တဲ့ ကုမ္ပဏီတည်ထောင်ခြင်းကိစ္စ ရပ်တွေ၊ စီးပွားရေးစာချုပ် ချုပ်ဆိုစိစစ်ရေးကိစ္စတွေ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကိစ္စရပ်တွေ၊ အလုပ်သမားရေးရာ ကိစ္စရပ်တွေအတွက် ရေးသားထားတဲ့ စာချုပ်တွေကို Download လုပ်ကာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

“ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့နဲ့ သိလိုရာမေးမြန်းနိုင်ဖို့အတွက် Instant Chatting, Messaging, VoIP စနစ်သုံး ဆက်သွယ်ရေးနဲ့ Video Conference စတဲ့ နည်းပညာအခြေခံ ဆက်သွယ်ရေးကနေတစ်ဆင့် သိလိုရာမေးမြန်းနိုင်အောင် လုပ်ပေးထားပါတယ်” လို့ Biz Law Consult Myanmar Co.,Ltd ရဲ့ CEO and Founder ဖြစ်သူ ဦးမင်းတေဇညွှန့်တင်က ပြောပါတယ်။

အဲဒီမိုဘိုင်း Application မှာ Security ပိုင်းကို အဆင့်မြှင့်ထားကြောင်း၊ ဝန်ဆောင်မှုနှုန်းထား သတ်မှတ်ထားကြောင်း၊ အသုံးပြုသူ အနေနဲ့ abc Convenience Store နဲ့ City Express တို့မှာ ငွေ ဖြည့်ကတ်တွေကို ဝယ်ယူထည့်သွင်းနိုင်ကြောင်း၊ လက်ရှိမှာ Android အတွက်သာ ထုတ်လုပ်ထားသော်လည်း IOS အသုံးပြုသူတွေအတွက် မကြာမီဖြန်ချိသွားမှာဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါတယ်။

-အောင်သက်ကို