University of Portsmouth စီးပွားရေးဆိုင်ရာနှင့် Engineering’s ဆိုင်ရာ ဘွဲ့သင်တန်းများပို့ချရန် Chindwin-PSB Institute ဖွင့်လှစ်
မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ကဏ္ဍပိုမိုတိုးတက်ဖွံ့ ဖြိုးရန်နှင့် စီးပွားရေး ပညာရပ်ဆိုင်ရာ ဘွဲ့သင်တန်းများကို မြန်မာနိုင်ငံ တစ်ဝှမ်းတွင် သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပြီး Singapore နိုင်ငံ၏ ထိပ်တန်း ပညာရေး အဖွဲ့ အစည်း တခု ဖြစ်သော PSB Academy နှင့် မြန်မာနိုင်ငံ၏ ထင်ရှားအောင်မြင်လျက်ရှိသော Chindwin College တို့ ပူးပေါင်းကာ Chindwin-PSB Institute ကို ဖွင့်လှစ်ခဲ့ပါသည်။
တက်ရောက်ကြသူများ
အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို Chindwin College နှင့် PSB (Singapore) မှ Chairman နှင့်တကွ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၊ စင်ကာပူသံရုံးတို့နှင့်အတူ မိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသော University of Portsmouth (UK) မှ Pro Vice Chancellor ၊ မြန်မာအင်ဂျင်နီ ယာ ကောင်စီ၊မြန်မာ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိလူကြီးမင်းများနှင့်အတူ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အသေးစိတ်သိရှိလိုပါက – 09954005959 ကို   ဆက်သွယ်စုံစမ်းနိုင်ပါသည်။
[ Unicode ]
မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ကဏ္ဍပိုမိုတိုးတက်ဖွံ ့ဖြိုးရန်နှင့် စီးပွားရေး ပညာရပ်ဆိုင်ရာ ဘွဲ့သင်တန်းများကို မြန်မာနိုင်ငံ တဝှမ်းတွင် သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပြီး Singapore နိုင်ငံ၏ ထိပ်တန်း ပညာရေး အဖွဲ့ အစည်း တခု ဖြစ်သော PSB Academy နှင့် မြန်မာနိုင်ငံ၏ ထင်ရှားအောင်မြင်လျက်ရှိသော Chindwin College တို့ ပူးပေါင်းကာ Chindwin-PSB Institute ကို ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ ၌ ဇူလိုင်လ ၆ ရက်က Chindwin- PSB Institute တည်ရှိရာ Sinmalite Business Tower တွင် ကျင်းပခဲ့ပါသည်။ Chindwin College သည် မြန်မာနိုင်ငံ ၌ HND Diploma ကို ပထမဆုံးပေးအပ်နိုင်သော College တခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ အသိအမှတ်ပြု (ဆက်သွယ်ပေါင်းစည်းထားသော) Collage တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် လူငယ်များ၏ ဘဝရပ်တည်မူနှင့် အောင်မြင်မူများအတွက် ဆယ်စုနှစ် တစ်ခုကြာ အောင်မြင်မူများစွာဖြင့် ရပ်တည်လျှက်ရှိပါသည်။
ပူးပေါင်းဆောင်ရွက်မူနှင့် ရည်ရွယ်ချက်
မြန်မာ လူငယ်လူရွယ်များအတွက် အရည်အသွေးမြင့် တက္ကသိုလ်ပညာရေးကို ပေးအပ်ရန် အတွက်သာမက နိုင်ငံတကာ အတွေ့ အကြုံနှင့် အဆက်အသွယ်ကောင်းများ ဖန်တီးရန် အခွင့်အရေးများ ပေးအပ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ရရှိစေနိုင်ရန်၊ လုပ်ငန်းခွင်များအတွက် လိုအပ်သော အရည်အသွေးမြင့် ကမ္ဘာ့အဆင့်မီ ဘွဲ့ရလူငယ်များ မွေးထုတ်ရင်းဖြင့် အာဆီယံနိုင်ငံများ ၏ ပြောင်းလဲမှုအတွက် မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ခင်မင်ရင်းနှီးစွာ အားဖြည့်ကူညီရင်းဖြင့် ဂုဏ်သတင်း အောင်မြင်မူ ပြည့်စုံစွာဖြင့် တိုးတက်စွာ ရပ်တည်ရန် ရည်ရွယ်ထားပါသည်။
မြန်မာ့ စီးပွားရေး ရည်မှန်းချက်အတွက် အားအင်များ
PSB Academy (Singapore) နှင့် Chindwin College (Myanmar) တို့သည် ၂၀၁၆ ခုနှစ် မှ စတင်ကာ HND Diploma ရရှိထားသော ပြည်တွင်းမှ ကျောင်းသားကျောင်းသူ များအား UK နိုင်ငံ၏ သင်ကြားမူ အရည်အသွေးတွင် ရွှေတံဆိပ် ရရှိထားရုံသာမက Guardian University Ranking တွင် ၂၅ ရရှိ ထားသော University of Portsmouth ၏ ဘွဲ့ ကို သင်ကြားရယူခွင့် ဖန်တီးပေးနိုင် ခဲ့ပါသည်။
ထို့အပြင် မြန်မာလူငယ် အယောက် ၆၀ အား University of Portsmouth ၏ ကမ္ဘာ့အဆင့်မီဘွဲ့များ ပေးအပ်နိုင်ရုံ မျှမက Huawei ကဲ့သို့နိုင်ငံတကာ company ကြီးများတွင်လည်း အလုပ်အကိုင်ကောင်းများ ရရှိစေခဲ့ပါသည်။
တက်ရောက်ကြသူများ
အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို Chindwin College နှင့် PSB (Singapore) မှ Chairman နှင့်တကွ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၊ စင်ကာပူသံရုံးတို့နှင့်အတူ တို့နှင့်အတူ မိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသော University of Portsmouth (UK) မှ Pro Vice Chancellor ၊ မြန်မာအင်ဂျင်နီ ယာ ကောင်စီ၊မြန်မာ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိလူကြီးမင်းများနှင့်အတူ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
College Director ၏ ပြန်ကြားချက်
ဆရာဦးကံဝင်းအောင်မှ မြန်မာနိုင်ငံ၏ မျက်မှောက် ပညာရေးသည် အရှိန်အဟုန်မြင့်မားစွာနှင့် ပြောင်းလဲလာပြီး လူငယ်များ ဘက်မှလည်း သင်ယူလိုစိတ် ပြင်းပြကြသည်ဖြစ်ရာ ယခုကဲ့သို့ ကမ္ဘာ့ထိပ်တန်း အဆင့်ရှိ ဘွဲ့တန်းများကို သင်ကြားခြင်းဖြင့် လူငယ်များ၏ အနာဂတ် ဘဝရပ်တည်မူအတွက် ကောင်းမွန်ပြည့်စုံသော အထောက်အပံ ဖြစ်မည်ဟု ပြောကြား ခဲ့ပါသည်။
သင်ကြားပေးမည့် ပညာရပ်များ
BA(Hons) Business and Management
BEng (Hons) Civil Engineering
BEng (Hons) Mechanical Engineering
BEng (Hons) Electronic Engineering
အသေးစိတ်သိရှိ်လိုပါက – 09954005959 ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။