စီးပြားေရးစီမံခန္႔ခြဲမႈ မဟာဘဲြ႔သင္တန္း (Global MBA) အတြက္ ေလွ်ာက္လႊာမ်ားေခၚယူ

[ Zawgyi ]

ထိုင္းႏိုင္ငံ University of the Thai Chamber of Commerce (UTCC) နဲ႔ ပူးေပါင္းဖြင့္လွစ္တဲ့ စီးပြားေရးစီမံခန္႔ခြဲမႈ မဟာဘဲြ႔သင္တန္း (Global MBA) အတြက္ ေလွ်ာက္လႊာမ်ားေခၚယူေနၿပီလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္မွ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

စီးပြားေရးက႑အသီးသီးမွာ လႈပ္ရွားဆာင္ရြက္ေနၾကတဲ့ လူငယ္လူရြယ္မ်ား ႏိုင္ငံတကာနဲ႔ ရင္ေပါင္တန္းႏိုင္ေစဖို႔ အျပင္ ပုဂၢလိက စီးပြားေရးလုပ္ငန္းခြင္မွဝန္ထမ္းမ်ား စီမံခန္႔ခြဲမႈကၽြမ္းက်င္ေစဖို႔ ရည္ရြယ္ဖြင့္လွစ္တာ ျဖစ္တယ္လုိ႔ သိရပါတယ္။ သင္တန္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ (Program Outline) နဲ႔ ေလွ်ာက္လႊာပံုစံ (Application Form) တို႔ကို ဒီေနရာမွာ ဝင္ေရာက္ျဖည့္စြက္္ ေလွ်ာက္ထားႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Global MBA သင္တန္းသို႔ တက္ေရာက္ရန္ စိတ္ပါဝင္စားသူေတြ အေနနဲ႔ သင္တန္းကို ၾသဂုတ္လ ၁၁ ရက္မွ စတင္ကာ အသင္းခ်ဳပ္၌ သင္ၾကားပို႔ခ်ေပးသြားမွာ ျဖစ္ၿပီး ဇြန္လ ၂၀ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိရွိလိုပါက အသင္းခ်ဳပ္ HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄- ၄၉ (လိုင္းခြဲ ၁၃၃၊၁၄၄)၊ ၀၁-၂၃၁၇၄၇၉ သို႔ ဆက္သြယ္ ေလွ်ာက္ထားႏိုင္ပါတယ္။

-ေဝေဝ

=====

[ Unicode ]

စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (Global MBA) အတွက် လျှောက်လွှာများခေါ်ယူ

=====

ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (Global MBA) အတွက် လျှောက်လွှာများခေါ်ယူနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ်မှ ထုတ်ပြန်ချက်အရ သိရပါတယ်။

စီးပွားရေးကဏ္ဍအသီးသီးမှာ လှုပ်ရှားဆာင်ရွက်နေကြတဲ့ လူငယ်လူရွယ်များ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်စေဖို့ အပြင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းခွင်မှဝန်ထမ်းများ စီမံခန့်ခွဲမှုကျွမ်းကျင်စေဖို့ ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းနဲ့ ပတ်သက်တဲ့ အချက်အလက် (Program Outline) နဲ့ လျှောက်လွှာပုံစံ (Application Form) တို့ကို ဒီနေရာမှာ ဝင်ရောက်ဖြည့်စွက်် လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Global MBA သင်တန်းသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူတွေ အနေနဲ့ သင်တန်းကို သြဂုတ်လ ၁၁ ရက်မှ စတင်ကာ အသင်းချုပ်၌ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး ဇွန်လ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက အသင်းချုပ် HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄- ၄၉ (လိုင်းခွဲ ၁၃၃၊၁၄၄)၊ ၀၁-၂၃၁၇၄၇၉ သို့ ဆက်သွယ် လျှောက်ထားနိုင်ပါတယ်။

-ဝေဝေ